
ဆောင်းဦးရာသီရောက်ချိန်ဖြစ်၍ ချဉ်ပေါင်သီးပေါများစွာ ထွက်ရှိချိန်ဖြစ်ပါသည်။မြန်မာလူမျိူး တို့သည် ချဉ်ပေါင်သီးကိုအမျိုးမျိုး ပြုလုပ်စားသုံးကြပါသည်။ချဉ်ပေါင်ပင်သည် တစ်ပင်လုံး ဆေးဖက် ဝင်သော်လည်း အနီရောင်အပွင့်ဖက်မှာ ပို၍ဆေးဖက်ဝင်ပါသည်။ချဉ်ပေါင်သီး၏ ရုက္ခဗေဒ အမည် မှာ Hibiscus subdariffa ဖြစ်၍ မျိုးရင်းမှာ Malvaceaeဖြစ်ပြီး နိုင်ငံတကာအမည်မှာRoselle ဟု အမည်တွင်ပါသည်။ချဉ်ပေါင်သီးကို ကြိတ်၍ချဉ်ပေါင်ဆီထုတ်ခြင်း၊ ချဉ်ပေါင်ယိုထိုး၍စားခြင်း၊ မြေပဲဆံ၊ ငရုတ်သီးတို့နှင့်ရော၍ထောင်းစားသကဲ့သို့ ချဉ်ပေါင်ဖျော်ရည်ပြုလုပ်၍လည်း စားသုံးကြပါသည်။ ချဉ် ပေါင်သီးတွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင်ပြီး အဓိကအားဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာ မင်A၊ B1၊ B2၊ B3၊ C၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့ဝင်တို့ပါဝင်သည်။ကယ်လ်ဆီယမ်ဓာတ် အမြောက်အများပါရှိသောကြောင့် သွားနှင့်မေးရိုးကို သန်မာစေပြီး ခံတွင်းမှဘတ်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သော အာနိသင်ရှိ၍ သွားနှင့်သွားဖုံးများကို ကျန်းမာစေပါသည်။အရိုးကိုသန်မာ စေခြင်း၊ အာရုံကြောအဖွဲ့အစည်းများနှင့်ကြွက်သားများဖွဲ့စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းကို ကာကွယ်ပေးပါသည်။ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာ မင်Cဓာတ်တစ်မျိုးဖြစ်သည့် Ascorbic Acid ပါဝင်နေသောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး နိုင်ပြီး အအေးမိ၊ တုပ်ကွေး၊ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသော ကျန်းမာရေး ပြဿနာများကို လျော့ နည်းအောင်ကာကွယ်ပေးနိုင်ပြီး အဆုတ်ကိုကျန်းမာစေပါသည်။မဂ္ဂနီဆီယမ်ဓာတ် ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး ဝမ်းပျော့စေကာ အူကြွက်သားများကိုပျော့ပျောင်း၍ ဝမ်းမှန်စေသည်။ ချဉ်ပေါင်သီးတွင်ပါဝင်သော Phosphorousသည် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မော ပန်းလွယ်ခြင်း၊ ခြေလက်များ ထုံထိုင်းနာကျင်ခြင်းနှင့် လေးလံခြင်းတို့ကို သက်သာပျောက်ကင်းစေ ခြင်းစသည့် ကျန်းမာရေးပြဿနာများကို လျော့ပါးစေပါသည်။ခန္ဓာကိုယ်တွင်းမှ မကောင်းသော ကိုလက်စရောများကို ကျဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင် ပါသည်။သွေးတွင်းအဆီဓာတ်ကျစေခြင်း၊ သကြားဓာတ်ကျစေခြင်းတို့ကြောင့် ဆီးချိုရောဂါရှိသူများ သောက်သုံးနိုင်ပါသည်။ခန္ဓာကိုယ်မှကစီဓာတ်နှင့် ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို လျော့နည်းစေသော ကြောင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူပြုစေပါသည်။ ဓာတ်တိုးဆန့်ကျင်အာနိ သင်များရှိခြင်းကြောင့် ကင်ဆာဖြစ်စေသော ဆဲလ်များပွားများမှုကိုနှေးကွေးစေပြီး ကင်ဆာရောဂါ ကို သက်သာစေပါသည်။ဆီးရွှင်၊ဝမ်းမှန်စေသောကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပြီး အစာ ကြေစေသည်။ချဉ်ပေါင်ဖူးကိုနေလှမ်း၍ချဉ်ပေါင်ဖူးခြောက်ပြုလုပ်ကာ ရေနွေးကြမ်း ထဲထည့်၍ ပုံမှန် သောက်သုံးပေးပါက သွေးဖိအားကိုကျစေပြီး သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။
DOCA(ကယား)
