မုန်လာဥဖြူစိုက်ပျိုးနည်း

Powered by Drupal
Tue, 11/25/2025 - 13:04 -- consumer_admin

      မုန်လာဥဖြူကို နေရာအနှံအပြားတွင် စိုက်ပျိုးကြပြီး အအေးကြိုက်ပင်ဖြစ်သော်လည်း ယခုအခါ အပူဒဏ်ခံနိုင်သောမျိုးများ ပေါ်ထွက်နေပါသည်။ အပူချိန်မသင့်တော်ပါက ဉသေးခြင်း၊အမျှင်များခြင်း၊ ပုံသဏ္ဍာန် မမှန်ခြင်းနှင့် အနံပြင်းခြင်းတို့ဖြစ်နိုင်ပါသည်။ စိုက်ပျိုးနည်းမှာ မြေပြုပြင်၍ ဘောင်ကိုရေဝ အောင်လောင်းပြီး မျိုးစေ့ချရန် ၊ လက်မဝက်အနက်ရှိ မြောင်းများ ဖော်ရမည်။ ပင်ကြားအတန်းကြား ၂ ပေနီးပါးထားရပြီး တစ်ကျင်း လျှင်မျိုးစေ့ (၃-၄) စေ့ချပြီး မြေပါးပါးဖုန်းပေးရသည်။ ထိုသို့ဖုန်းပေးခြင်းဖြင့် မိုးပေါက်မှန်ခြင်း‌နေရာမှ လွင့်စင် ခြင်းတို့မှ ကာကွယ်ပေးပါသည်။ စိုက်ပျိုးပြီး ၄ ရက်ခန့်အကြာတွင် အပင်ငယ်များ စတင်ပေါက်လာသည်။ စိုက်ပျိုးပြီး (၁၀-၁၂) ရက်ခန့်တွင် ပေါင်းရှင်းပေးရသည်။ စိုက်ကျင်းတစ်ကျင်းတွင် အသန်ဆုံးတစ်ပင်သာ ချန်ခဲ့ပြီး ကျန်အပင်များကို နုတ်ပစ်ရပါသည်။ အပင်ငယ်စဉ်ရေဝပ်ခံရပါက ဆက်လက်မကြီးထွားတော့ဘဲ အရွက်များ ဝါလာပြီး ခါးရိ၍သေတတ် ပါသည်။

     ဥအတွက် စိုက်ပျိုးသောအပင်မျိုးဖြစ်သဖြင့် မြေကြီးနက်နက်အထိ မြေသားပွရန်လိုအပ်ပါသည်။ မြေဩဇာထက်သံမှုကို ကြိုက်နှစ်သက်ပြီး အသင့်တော်ဆုံးမှာ သဲနုန်းမြေဖြစ်ပါသည်။ မြေအခြေအနေအပေါ် မူတည်၍ ရေသွင်းမည်ဆိုပါက ၂ ရက်ခြားသွင်းပေးရမည်။ ရွက်စားပိုး၊ လိပ်ခုံးကျိုင်း ၊ ပြပိုးများ ကျရောက်တက်သည်။ ပင်ညှိုးများကျရောက်တတ်သဖြင့် ကျရောက်တတ်သောပိုးနှင့် မှိုရောဂါကို ထိသေ၊စားသေ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖြင့် ပတ်ဖျန်းကာကွယ်နိုင်သည်။ မျိုးကို လိုက်၍ စိုက်ပျိုုးပြီး (၃၀) ရက်ခန့်အကြာတွင် နှုတ်သိမ်းနိုင်သည်။ နှုတ်သိမ်းချိန်တွင် မြေတွင်းအစိုဓာတ် ရှိရန်လိုအပ်သည်။ အရွက်နှင့်အတူ နှုတ်သိမ်းရာ၌ ဉမကျိုးစေရန် ဂရုစိုက်ရပါမည်။ အချိန်မီ မနှုတ် သိမ်းပါက ဥကွဲခြင်း ၊ ဉချောင်ခြင်းများ ဖြစ်ပေါ်တက်ပါသည်။ အမျိုးအစားအလိုက် တစ်ဧကလျှင် ဥ (၆၀၀၀၀) ထွက်နိုင်ပါသည်။ မုန်လာဉဖြူကို  တစ်နိုင်တစ်ပိုင်အဖြစ်သာမက စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း တွေ့ရပါသည်။

DOCA(ပဲခူး)