
မြန်မာနိုင်ငံတွင် ရာသီအလိုက်သီးနှံများထွက်ရှိသည့် အနက် ယခုဆောင်းရာသီအချိန်အခါ သည် လိမ္မော်သီးများ စတင်ခူးဆွတ်ချိန်ဖြစ်၍ ဈေးကွက်အတွင်း စတင်တွေ့ရှိရပါသည်။ ချိုချဉ် အရသာရှိသော လိမ္မော်သီးများကို မြန်မာလူမျိုးများက ဘုရားကပ်လှူရန်အတွက် ဝယ်ယူကြ သကဲ့သို့ စားသုံးရန်အတွက်လည်း ဝယ်ယူကြပါသည်။
လိမ္မော်သီးသည် ချိုချဉ်အရသာရှိသည့် အသီးတစ်မျိုးဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသည်။ လိမ္မော်သီးတွင် ဗီတာမင်Cကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် ကိုယ်ခံ အားစနစ်ကို အားကောင်းစေပြီး အအေးမိ၊တုပ်ကွေးရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ဖိုက်ဘာနှင့်ပိုတက်စီယမ် ဓာတ်များပါဝင်သောကြောင့် သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေလျှော့ချပေးပါသည်။ဗီတာမင်Aပါဝင်သောကြောင့် မျက်လုံးကျန်းမာရေးကို အထောက် အကူပြုပြီး ညဘက်အမြင်အာရုံကိုကောင်းမွန်စေပါသည်။ ထို့ပြင် ကော်လာဂျင် (collagen) ထုတ် လုပ်မှုကို အားပေးသောကြောင့် အသားအရေကိုကြည်လင်တောက်ပစေပြီး အိုမင်းရင့်ရော်မှုကို နှေး ကွေးစေပါသည်။လိမ္မော်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ဆီးထဲမှ စစ်ထရိတ်ဓာတ် (citrate)ကို မြင့်တက် စေသည့်အတွက် ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးပါသည်။လိမ္မော်သီးပင်သည် အေးသောအရပ်ဒေသ၌ စိုက်ပျိုးကပိုမိုဖြစ်ထွန်းနိုင်ပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးတွင် ရောင်းဝယ်လျက်ရှိသော လိမ္မော်သီး များကို ပင်လောင်း၊နောင်တရားနှင့်အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိပြီး တစ်ပိဿာလျှင် ကျပ် (၆၀၀၀)မှ(၇၀၀၀)ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သစ်သီးရောင်းချနေသူ တစ်ဦးထံမှ သိရှိ ရပါသည်။
DOCA(ကယား)
