ကျန်းမာရေးအတွက် ကန်စွန်းရွက်

Powered by Drupal
Mon, 11/17/2025 - 13:31 -- consumer_admin

     လူတိုင်းလူတိုင်း ကျန်းမာစွာအသက်ရှင်သန်နိုင်ဖို့အတွက် လွန်စွာအရေးကြီးလှပါသည်။ အစာစားတိုင်း ကြေညပ်အောင် ဝါးစားသင့်ပါသည်။ ထို့အတူ ကျန်းမာရေးအတွက် ကန်စွန်းရွက် ကိုနေ့စဉ်စားသုံးသင့်ပါသည်။ အိမ်ရှင်မများ နေ့စဉ်စားသုံးဟင်းလျာအဖြစ် လွန်စွာ အရေးပါသော အသီးအရွက်တစ်မျိုးဖြစ်ပါသည်။ ကန်စွန်းရွက်သည် ဝမ်းဗိုက်ထဲရောက်နေသော ရောဂါဖြစ်မည့် အဆိပ်မျိုးစုံကို ပယ်ဖျောက်ပေးနိုင်ပါသည်။ သွေးကိုသန့်ရှင်းစေပါသည်။ အမျိုးသမီးများ ဓမ္မတာ ကိစ္စ၊ သွေးဆုံးမီးယပ်ရောဂါမှန်သမျှ ကောင်းအောင်ကုသပေးနိုင်သောသဘာဝသမားတော် ဖြစ်သည်။ အသက်ကြီးလာလျှင် ကုန်ခမ်းသွားသော ရိုးတွင်းမှ  ကယ်စီယမ်ဓါတ်ကို ကန်စွန်းရိုးနီက ပြန်လည် ဖြည့်ပေးနိုင်ပါသည်။ ကန်စွန်းရွက်ကို ကြော်ချက်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍သော် လည်းကောင်းစားသုံးကြပါသည်။ ကန်စွန်းရိုးနီကို ထန်းလျက်နှင့်ပြုတ်သောက်လျှင် ဆီးရွှင်ကျန်းမာ စေပါသည်။ ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေထဲမှာ ကန်စွန်းရွက်လည်း ပါပါသည်။ ကန်စွန်းရွက်တွင် ရေဓါတ်၊ အမျှင်ဓါတ်များစွာပါ၍ အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။ ဝမ်းချုပ်ခြင်းမှ ပျောက်ကင်းစေပါသည်။ မျက်စိအာရုံကောင်းမွန်စေပြီး နှလုံးကျန်းမာရေးလည်း ကောင်းမွန်စေပါသည်။ ကန်စွန်းရွက်သည် ရေထဲ(သို့) စိုစွတ်သောမြေပေါ်တွင် ရှင်သန်ဖြစ်ထွန်းပါ သည်။ ကန်စွန်းရိုးကို အဆစ်များမှနေ၍ ဖြတ်တောက်စိုက်ပျိုး၍ရသလို မျိုးစေ့စိုက်၍လည်း စိုက်ပျိုး ကြပါသည်။ ဗမာကန်စွန်း၊ တရုတ်ကန်စွန်းဟူ၍ ရှိပါသည်။ ဗမာကန်စွန်းရွက်သည် အလေ့ ကျပေါက်ပင်များဖြစ်ပြီး လယ်ကန်သင်းရိုး၊ချောင်းများ၊မြောင်းများစသည်ဖြင့်နေရာစုံပေါက်ရောက် ရှင်သန်ပါသည်။ ဗမာကန်စွန်းရိုးသည် အရိုးနီပြီး အရွက်သေးပါသည်။ တရုတ်ကန်စွန်းသည် အစိမ်း ရောင်ရှိပြီး အရိုးပွကာအရွက်ကြီးပါသည်။ ဈေးကွက်အတွင်း၌ ဗမာကန်စွန်းရွက် (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်းလျှင်(၂၀၀/၃၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)