သင်္ဘောသီးစိမ်း/မှည့်၏ အသုံးဝင်ပုံနှင့်  ဈေးနှုန်းဈေးကွက်

Powered by Drupal
Mon, 11/17/2025 - 13:27 -- consumer_admin

        သင်္ဘောပင်ကို မြန်မာနိုင်ငံအနှံ့အပြား အပူပိုင်းနှင့် အပူအနည်းငယ်လျော့ဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သင်္ဘောပင်အဖိုပင်နှင့် အမပင် နှစ်မျိုးရှိပြီး အဖိုပင်မှာ အပွင့်သာ ပန်းခိုင် သဖွယ်တွဲလျက်ပွင့်ပြီး အသီးမသီးပါ။ သင်္ဘောဖိုအပွင့်ကို ပြုတ်၍ အသုတ်သုတ်စား၍သော်လည်း ကောင်း၊ အတို့အမြှုပ်လုပ်၍သော်လည်းကောင်း စားသုံးကြပါသည်။ ကျန်းမာရေးအတွက်လည်း သင်္ဘောရွက်ကို အတို့အမြှုပ်လုပ်၍သော်လည်းကောင်း၊ သင်္ဘောဖိုရွက်ကို ကြိတ်ထောင်း၍ သတ္တု အရည်ကိုလည်း သောက်သုံးကြကြောင်း သိရှိရသည်။ သင်္ဘောအမပင်မှသာ အသီးသီးပါသည်။ ဗမာသင်္ဘောပင်အမျိုးအစားကို တပိုင်တနို်ငသာစိုက်ပျိုးကြပြီး ယခုအခါ ထိုင်ဝမ်သင်္ဘောပင်မျိုးကို စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ဈေးကွက်အတွင်း၌သ င်္ဘောသီးကို အစိမ်းအတိုင်းသော်လည်းကောင်း၊ အမှည့်သော်လည်းကောင်း ရောင်းကြပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယား သင်္ဘောသီးထောင်း၊ ယိုးဒယားသင်္ဘောသီးအပြားသုပ်၊ သင်္ဘောသီးယိုနှင့် အသုပ်စုံများထဲတွင်လည်း အနည်းငယ်ထည့်၍ စားသုံးကြပါသည်။ သင်္ဘောသီးယိုကို SME လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် ကြပြီး အသင့်အတင့်ဝင်ငွေရရှိသော အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း လည်းသိရှိရသည်။ သင်္ဘောသီးအစိမ်းတစ်လုံးလျှင် အရွယ်အစားအကြီးအသေးပေါ်မူတည်၍ ၁၅၀၀ မှ ၂၅၀၀ကျပ်ဈေးဖြင့်လည်းကောင်း ရောင်းဝယ်ကြပါသည်။ သင်္ဘောသီးအမှည့်ကို ကျန်းမာရေး အတွက် ဝမ်းလဲမှန်၊ အမျှင်ဓာတ်နှင့် ဗီတာမင် များစွာပါဝင်သောကြောင့် လူကြိုက်များပြီး စားသုံးမှု များသည့် အသီးအနှံတစ်မျိုးလည်းဖြစ်ပါသည်။ သင်္ဘောသီးကို အချိုပွဲအဖြစ်လည်းကောင်း၊ ဖျော်ရည် လုပ်၍သော်လည်းကောင်း စားသုံးကြပါသည်။ သင်္ဘောသီးအမှည့်တစ်လုံးလျှင်အကြီး-၄၀၀၀ကျပ်၊ အလတ်-၃၀၀၀ကျပ်၊ အသေး-၂၀၀၀ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)