ကျန်းမာရေးအတွက်ဆလပ်ရွက်

Powered by Drupal
Thu, 11/13/2025 - 13:25 -- consumer_admin

   ဆလပ်ရွက်ကိုရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် အိမ်တွင်းတစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြပါသည်။ ဆလပ်ရွက်ကို ဆောင်းရာသီ၌ အဓိကစိုက်ပျိုးကြပါသည်။ အကြောင်းမှာ အပူချိန်များလျှင် အပင်ကြီးထွားမှု နှေးကွေးပြီး အရွက်များခါးလာတတ်ကာ ပန်းပွင့်ပြီး မျိုးစေ့ဆီသို့ ကူးပြောင်းသွားတတ်သောကြောင့်ဖြစ်သည်။ ဆလပ်ရွက်သည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော အရွက်တစ်မျိုးဖြစ်ပါသည်။  ဆလပ်ရွက် စားသုံးခြင်းသည် ရေဓာတ်ပြည့်ဝခြင်း၊ ကယ်လိုရီအလွန်နည်းသဖြင့် ကိုယ်အလေးချိန်ကျစေခြင်း၊ အစာချေ စနစ်ကိုကောင်းမွန်စေခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များကြွယ်ဝခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊  အိပ်စက်မှုကို ကောင်းမွန်စေခြင်း၊ အရိုးနှင့် မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါသေးသည်။ ထို့ကြောင့်ဆလပ်ရွက်ကို နေ့စဉ်ဟင်းသီးဟင်းရွက်စားသုံးမှုစာရင်းထဲ၌ ထည့်သွင်းစားသုံးပေးသင့်သော အရွက်ဖြစ်ပါသည်။

 DOCA(ရှမ်း)