ခဝဲသီး စားသုံးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Powered by Drupal
Wed, 11/12/2025 - 14:51 -- consumer_admin

    ခဝဲပင်သည် ဘူး၊ ဖရုံ  စသောနွယ်ပင်ကဲ့သို့  ပေါက်တတ်သည့်အပင်မျိုးဖြစ်၍ နေရာမရွေး၊ ဒေသမရွေးစိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။  ခဝဲပင်ကို မိုးဒဏ် ခံနိုင်အောင်  စင်တင်စနစ်၊ ဝါးတန်းထိုးစနစ် တို့ဖြင့် စိုက်ပျိုးရသည်။ ယခုအခါ ခဝဲပင် များကို   ရာသီမရွေးစိုက်ပျိုးကြပြီး   ဈေး ကွက်အတွင်း ရောင်းချလျက်ရှိသည်။  ခဝဲသီးသည်  ကျန်းမာရေးကိုများစွာအထောက် အကူပြု စေပြီး  အရသာမှာချို၍  အနည်း ငယ်ဖန်သည်။ ခဝဲသီးသည် Cucurbita-ceae မျိုးရင်းဝင်ဖြစ်ပြီး ရုက္ခဗေဒအမည် အားဖြင့်  Luffa  acutangula  ဖြစ်သော ခဝဲသီးကို အင်္ဂလိပ်လို Ridge Gourd ဟု ခေါ်ကြသည်။

ခဝဲသီးစားသုံးမှုပုံစံ

    ခဝဲသီးကို    ဆီပြန်ကြော်ချက်ခြင်း၊ အစိမ်းကြော်ခြင်း၊     ဟင်းချိုချက်ခြင်း၊ ပြုတ်၍တို့စရာ အဖြစ် စားသုံးခြင်းတို့ ပြုလုပ်နိုင်သည်။  ခဝဲသီးကို ဟင်းချိုအဖြစ်လည်း ချက်စားနိုင်ပြီး ကြက်ဥ နှင့် ကြော်စားပါက အရသာရှိသောဟင်း တစ်ခွက်ဖြစ်သည်။  ခဝဲသီးကို  အချိုချက်၊ အသား၊ ငါး၊ ပုစွန် များ နှင့်ရော၍ ချက်စားနိုင်သည်။

ခဝဲသီးတွင်ပါဝင်သောအာဟာရဓာတ်များ

     ခဝဲသီး၏ပုံသဏ္ဌာန်မှာ  နိုင်ငံအလိုက် အမျိုးမျိုးကွဲပြားနိုင်သော်လည်း   ပါဝင်သောအာဟာရ ဓာတ်များမှာ တူညီသည်။ အများအားဖြင့်  ခဝဲသီးတွင်  ကယ်လိုရီ၊ ဗီတာမင်-C ၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊ သွပ်ဓာတ်၊  သံဓာတ်၊  အမျှင်ဓာတ်၊  ရီဘိုဖလေဗင်၊  ဗီတာမင်  B-6  တို့ပါဝင်မှုများပြီး  အဆီပါဝင်မှုနည်းသည်။  အများဆုံး ပါဝင်သည့် အာဟာရဓာတ်များအနေဖြင့်  ဗီတာမင်-C ၂၇  ရာခိုင်နှုန်း၊  ပိုတက် ဆီယမ် ၂၄ ရာခိုင်နှုန်း၊ မဂ္ဂနိစ်  ၂၃  ရာခိုင်နှုန်းနှင့် အမျှင် ဓာတ်  ၂၃  ရာခိုင် နှုန်းတို့ဖြစ်သည်။

ကိုယ်အလေးချိန်

လျော့ကျစေရန်ကူညီပေးနိုင်ခဝဲသီးတွင်    ကျန်းမာရေးအတွက် အဓိကကျသည့်  အဆီပါဝင် မှု၊  ကယ်လိုရီ ပါဝင်မှုနှင့်   ပြည့်ဝဆီ  ကိုလက်စထရောပါဝင်မှုနည်းပါးပြီး  အမျှင်ဓာတ်များပါဝင် ခြင်းကြောင့်    ခန္ဓာကိုယ်တွင်း     ကိုလက် စထရောစုပ်ယူမှုနည်းစေသည်။ ထို့ပြင် ရေဓာတ်ပါဝင်မှု ပမာဏ များသောကြောင့် ကိုယ်အလေးချိန်ကျစေရန် ကူညီပေးနိုင်သဖြင့် ကိုယ်အလေးချိန်ကျ လိုသူများ စားသင့်သည်။

အသည်းရောင်အသားဝါရောဂါကိုကာကွယ်ပေးနိုင်

   ခဝဲသီးသည် ဆေးဘက်ဆိုင်ရာလေ့လာမှုများအရ အသားဝါရောဂါဖြစ်ပွား နိုင်ခြေကို လျော ့နည်းစေပြီး ခဝဲသီးအစေ့များနှင့် အခွံများက  အသားဝါရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေ သည့် အစွမ်းသတ္တိရှိသည်ဟုဆိုကြသည်။ ခဝဲ သီးအရည်ကို အသားဝါသူများ သဘာဝ အစားအစာ အဖြစ် စားသုံးနိုင်သည်။ ခဝဲသီးတွင် သွေးများကိုသန့်စင်စေသည့် အစွမ်းရှိသဖြင့်  အရက်ကြောင့်ဖြစ်သည့် အသည်းဝေဒနာကိုလည်း ကာကွယ်ပေးနိုင်သည်။

အသားအရေကိုကောင်းမွန်စေနိုင်

ခဝဲသီးကို အခြောက်ခံထားကာ ရေမြှုပ်အဖြစ် အသုံးပြုပြီး ရေချိုးသည့်အခါ ကြေးချွတ် ပစ္စည်းအနေဖြင့် ပွတ်တိုက်ပေးခြင်းသည် အရေပြားပေါ်မှ ဆဲလ်သေများကို ကွာကျစေသော ကြောင့်    အသားအရေကို  ကောင်းမွန်စေသည်။  အရေပြားကို ကျန်းမာစေရန် နှင့် ပိုမိုဝင်းပလာ စေရန် လှုံ့ဆော်ပေးနိုင်သည်။ ခဝဲသီး၏ သွေးသန့်စင်စေသည့်အာနိသင်ကြောင့် ဝက်ခြံ နှင့်အဖု အပိမ့်များကို ကင်းစေကာ  ခန္ဓာကိုယ်အနံ့ဆိုးများကင်းစေသည်။ ခဝဲသီး ရေမြှုပ်ကို စနစ်တကျ သန့်စင်မှုမလုပ်နိုင် ပါက မှိုများပေါက်နိုင်သည်။  ထို့ကြောင့် ရေချိုးပြီးတိုင်း ခဝဲသီးရေမြှုပ်တွင်  ကပ် ကျန်နေသည့် ဆပ်ပြာနှင့်ရေများကို သန့်စင် သွားအောင်ခါချပြီး    လေသလပ်ခံကာ ခြောက်အောင် ထားရပါမည်။

ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှု လျော့နည်းစေနိုင်

ခဝဲသီးအရင့်များတွင် ဆီးချိုသွေးချိုရောဂါကိုတိုက်ဖျက်နိုင်သည့်   အစွမ်းရှိ သည်ဟုဆိုကြ သည်။ ခဝဲသီးတွင်ပါဝင်သည့်  ပက်တိုက်  (Peptides)   ဆိုသည့် ဓာတ်တစ်မျိုးက အင်ဆူလင်ကဲ့သို့ အသုံးဝင်သောကြောင့် သွေးနှင့်ဆီးထဲတွင်ပါဝင် သည့်သကြားဓာတ်ကို လျော့ကျအောင် ကူညီပေး နိုင်သည်။  ထို့ကြောင့်  သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ထားနိုင် ခြင်းဖြစ်သည်။

လိပ်ခေါင်းရောဂါကိုသက်သာစေနိုင်

ခဝဲသီးတွင် သွေးတွင်းသကြားဓာတ်နှင့် ဆီးတွင်းသကြားဓာတ်များကို လျော့ကျစေနိုင် သည့်  အစွမ်းသတ္တိလည်းရှိသည်။ ခဝဲသီးတွင်ပါဝင်သည့် Cellulose များက ဝမ်းချုပ်ခြင်း ကို ကာကွယ်ပေးသည့်အတွက်   ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တတ်သော လိပ်ခေါင်းရောဂါကိုလည်း သက်သာ ပျောက်ကင်းစေနိုင်သည်။

ရောင်ရမ်းမှုကိုသက်သာစေနိုင်

ခဝဲသီးတွင်  ရောင်ရမ်းမှုကိုသက်သာ စေသည့်ဓာတ်များပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကို  အဆိပ်အတောက်ဖြစ်စေသည့် ဒြပ်ပေါင်းများအားလုံးကို ကင်းစင်စေနိုင်သောကြောင့် အရေပြား ရောင်ရမ်း မှုကိုပါ သက်သာစေသည်။

နှလုံးရောဂါ၊ ဆီးကျိတ်ကင်ဆာကိုလျော့နည်းစေနိုင်

ခဝဲသီးကို  သီတင်းတစ်ပတ်လျှင် သုံးကြိမ်ခန့်ပုံမှန်စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ဖြစ် ပွားမှုကို  လျော့ကျစေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို လျော့နည်းစေသည့်အပြင် သွေး ကြော ပိတ်ဆို့မှုကိုလည်း       ဟန့်တားပေးနိုင်သည်။

သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်

ခဝဲသီးတွင်   အင်ဆူလင်နှင့်တူသည့် ပက်တိုက်များ (Peptides) ဖြစ်သော အယ် ကာလွိုက် များ (Alkaloids) နှင့်  ကာရန် တင်း (Charantin) တို့ ပါဝင်သောကြောင့် အင်ဆူလင်အဆင့်ကို ပြောင်းလဲစေခြင်း မျိုးမရှိဘဲ   သွေးတွင်းသကြားဓာတ်နှင့် ဆီးတွင်းသကြားဓာတ်ကို   လျော့ကျစေ သည်။ခုခံအားကောင်းစေနိုင်

ခဝဲသီးတွင် အထူးသဖြင့် ဗီတာမင်-C ပါဝင်ပြီး  တခြားအာဟာရ ဓာတ်များလည်း ကြွယ်ဝ ခြင်း ကြောင့် ပြင်ပမှ ဗက်တီးရီးယားကူးစက်မှုများကို  တိုက် ဖျက်ပေးနိုင်ပြီး    အအေးမိဖျားနာခြင်း များကိုပါ ကာကွယ်ပေးနိုင်သည်။ ခဝဲသီး ဖျော်ရည်ဖန်ခွက်တစ်ခွက်ကို    တခြားဟင်းသီးဟင်း ရွက်များနှင့်ရောပြီး  နံနက် စောစောတွင် သောက်ပေးပါက  ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေ ကာ  တခြားရောဂါပိုးများကို တွန်းလှန်နိုင်စွမ်းရှိသည်။

အစာအိမ်ကိုကူညီနိုင်

ခဝဲသီးတွင်ပါဝင်သည့်    အမျှင်ဓာတ်ကြောင့်  အူမကြီး၏လုပ်ဆောင်ချက်ကိုအားပေးပြီး   အစာအိမ်ကို သက်သောင့် သက်သာဖြစ်စေကာ  လေအောင့်ခြင်း၊ လေနာခြင်း၊ လေပွခြင်း၊ ရင်ပူခြင်း နှင့် ဝမ်းချုပ်ခြင်းများကိုလည်း  သက်သာစေပြီး အစာအိမ်ပြဿနာ များကို  ငြိမ်းအေး စေသည်။

အချုပ်အားဖြင့်ဆိုရသော်     ခဝဲသီး စားသုံးပေးခြင်းဖြင့်     ဝမ်းမှန်စေခြင်း၊ အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနိုင်ခြေလျော့နည်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ခုခံအား ကောင်း စေခြင်း၊ အရေပြားကျန်းမာစေခြင်း၊  အစာအိမ်ကို ကူညီနိုင်ခြင်း၊    သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း၊     နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးခြင်း၊  ဆဲလ်သေများကို  ကင်းစင်စေနိုင်ပြီး အရေပြားကောင်းမွန်စေ ခြင်းအပြင် သွေးကိုသန့်စင်ပေးနိုင်သဖြင့်     တခြားဗက်တီးရီးယားများကြောင့်  ဝက်ခြံများ ထွက် ခြင်းကိုသက်သာစေခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်သည့်အတွက် ကျန်း မာလိုသူတိုင်း ခဝဲသီးကို ပုံမှန်စားသုံးပေးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)