ဖြူးအနောက်တောင်ဒေသထွက်သီးမွှေးငှက်ပျောသီးများဖြိုင်ဖြိုင်ပေါ်ပြီ

Powered by Drupal
Wed, 11/12/2025 - 11:13 -- consumer_admin

      ဖြူးမြို့ အနောက်တောင်ယာတောများတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာ ဖြူးမြို့ စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများတိုင် နာမည် ကျော်လျက် ရှိပါသည်။

    ဖြူးအနောက်တောင်ပေါ်မှထွက်သော သီးမွှေးငှက်ပျောသီးများအား ဆိုင်ကယ်များ နှင့် သယ်ယူ ၍ ဖြူးစည်ပင်သာယာဈေးရှိ ငှက်ပျောသီးဆိုင်များသို့ လာရောက် ဖောက်သည် သွင်းကြပါသည်။ သီးမွှေးငှက်ပျောသီးဈေးနှုန်းများအနေဖြင့် ဈေးနှုန်းအဖီးလှတစ်ဖီးလျှင် ၆၀၀၀ ကျပ်ထိ ဈေးနှုန်းရှိပြီး အကြီးအသေးအလိုက် ၂၀၀၀ ကျပ် မှစ၍ ၃၀၀၀ကျပ်၊ ၄၀၀၀ကျပ်ထိ ဈေးနှုန်း ရရှိကြောင်း သိရှိရပါသည်။

    ဖြူးဒေသထွက်သီးမွှေးငှက်ပျောသီးမှာ မြန်မာတို့၏ ပွဲတော်ဖြစ်သော သီတင်းကျွတ်အချိန် အခါ ဖြစ်သောအောက်တိုဘာလတွင် လှိုင်လှိုင်ပေါ်ခြင်းဖြစ်ပါသည်။ မြန်မာတို့၏သီတင်းကျွတ် အခါ ပြီးလျှင် ဟိန္ဒူလူမျိုးတို့၏ ဒီပါဝါရီပွဲတော်ဖြစ်သောကြောင့် ယခုကာလသည် သီးမွှေးငှက် ပျောသီးရောင်းအား အကောင်းဆုံးလလည်းဖြစ်ပါသည်။ သီတင်းကျွတ်အချိန်အခါတွင် လူကြီးမိဘ များအား ဂါရဝပြု ကန်တော့ကြရာတွင် သီးမွှေးငှက်ပျောသီးများဖြင့် ကန်တော့ခြင်း၊ ဟိန္ဒူလူမျိုး၏ ဒေပါဝါရီ ပွဲတော်တွင်ဘုရားရှိခိုးရာတွင် ရိုးရာထုံးတမ်းအရ အသီးမျိုးစုံ၊ ပန်းမျိုးစုံဖြင့်ကန်တော့ကြ ခြင်းကြောင့် ယခုကာလသည် သီးမွှေးငှက်ပျောသီး ရောင်းအားအကောင်းဆုံးလဖြစ်ကြောင်း ဖြူးမြို့ရှိ ငှက်ပျောသီးဆိုင်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ လေ့လာသိရှိခဲ့ပါသည်။

DOCA(ပဲခူး)