အရသာကောင်းမွန်သော ညောင်လေးပင် မုန့်ဟင်းခါး

Powered by Drupal
Wed, 11/12/2025 - 10:58 -- consumer_admin

     မုန့်ဟင်းခါးသည် မြန်မာလူမျိုးတို့ အသဲစွဲနှစ်ခြိုက်ကြသည့် စားသောက်ကုန်တစ်ခုဖြစ်ရာ နိုင်ငံတစ်ဝန်းတွင် မုန့်ဟင်းခါးအမျိုးပေါင်း များပြားစွာ ရှိပါသည်။ ထို့ပြင် မြန်မာတို့တွင် ရိုးရာ အစား အသောက်များအပြင် အဆာပြေစားစရာ မုန့်ပဲသရေစာများလည်း ပေါများစွာ ရှိပါသည်။

    ၎င်းတို့မှာ မြောင်းမြမုန့်ဟင်းခါး၊ ရန်ကုန်မုန့်ဟင်းခါး၊ တောင်ငူမုန့်ဟင်းခါး၊ ပဲခူးမုန့်ဟင်း ခါး ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင် နာမည်ကျော်ကြား လူကြိုက်များလှပါသည်။

   ထိုအထဲတွင်မှ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ရောင်းချနေသော မုန့်ဟင်းခါးသည် အစပ်အဟပ်တည့်ပြီး အရသာကောင်းမွန်သည်ကို တွေ့ရှိရပါသည်။ ညောင်လေးပင်မုန့်ဟင်းခါးသည် ကျန်မုန့်ဟင်းခါးများနှင့် မတူဘဲ ဟင်းရည်သည် အတော်ပင်ကောင်းမွန်၍ မုန့်ဖက်သည်လည်း စက်မုန့်ဖက်ဖြစ်၍ စားကောင်းသည်ကို တွေ့ရပါသည်။

DOCA(ပဲခူး)