ရဲယိုပင်သည် မြန်မာတိုင်းရင်းဆေးပညာတွင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်သည်။ ရှေးယခင်က ခြံတစ်ခြံတွင် ရဲယိုပင်တစ်ပင်မပါမဖြစ်စိုက်ပျိုးကြသည်အထိကို ရဲယိုပင်နှင့် လူ၏ ခန္ဓာကိုယ်ဟာ သဟဇာတဖြစ်လှသည်ဟုကြားဖူးပါသည်။ ရဲယိုပင်မှာ ကျား တစ်ကောင်ကဲ့သို့ လွှင့်ပစ်စရာ အစိတ်အပိုင်းတစ်ခုမှု ရှိမနေပေ။ ရဲယိုပင်၏ အမြစ်၊အခေါက်၊ ပင်စည်၊ အရွက်၊ အပွင့်နှင့် အသီးအားလုံးသည် ဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းသည်ဟု မှတ်သားဖူးပါသည်။ ရဲယိုသီးတွင် ဗီတာမင်စီနှင့် အခြားအင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာပါရှိပြီး ခန္ဓာကိုယ်အတွက် မကောင်းသော ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ပေးကာ ဆဲလ်ပျက်စီးမှုကို ကာကွယ်ပေးသောကြောင့် အိုမင်းရင့်ရော်ခြင်းစသည့်ပြဿနာများကို လျော့နည်းစေနိုင်ပါသည်။ ရဲယိုရွက်သည် ရောင်ရမ်းမှုကိုလျော့ချ ပေးနိုင်သည့် ဆေးဖက်ဝင်ပစ္စည်းများပါရှိပါသည်။ ရဲယိုရွက်ကို အသားနှင့်ပေါင်းစား၍ရသလို ဟင်းချိုချက် သောက်ခြင်း၊ သုပ်စားခြင်း၊ အခြောက်လှန်း၍ အမှုန့်ပြုလုပ်ကာသောက်သုံးခြင်းများလည်း ပြုလုပ်နိုင် ပါသည်။ ရဲယိုရွက်သည် အစာခြေစနစ်ကိုကောင်မွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။ ရဲယိုပင်သည် ဆေးဖက်ဝင်သော်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကျောက်ကပ်ရောဂါရှိသူများ နှင့် သွေးတိုးရောဂါရှိသူများသည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သုံးစွဲသင်ပါသည်။ ထို့ကြောင့် ရဲယိုပင်တစ်ပင်လောက် မိမိခြံထဲတွင်စိုက်ထားသင့်ကြောင်းအကြံပြုလိုပါသည်။ ဤသည်မှာ ရဲယိုပင်၏ အရေးပါပုံများပင်ဖြစ်ပါသည်။
DOCA(ရှမ်း)
