လက်ဖက်နှင့်ကျန်းမာရေး

Powered by Drupal
Sat, 11/08/2025 - 10:33 -- consumer_admin

        မြန်မာပြည်သူအများအတွက် နေ့စဉ်သုံးအစားအစာတစ်ခုဖြစ်သော လက်ဖက်သည် စားသုံးသူအတွက် ရသာတင်မကဘဲ ကျန်းမာရေးအတွက်ပါ အထူးအကျိုးရှိနေကြောင်း ကျန်းမာရေးပညာရှင် များကပြောကြသည်။ လက်ဖက်အရွက်များတွင် အိုက်ဆိုဖလိုဗွန် (Isoflavone)၊ အန်တီအော်စီဒန် (Antioxidant) နှင့် ဗီတာမင် C, E စသော အာဟာရဓာတ်များ ပါဝင်နေသည်။ ဤဓာတ်ပစ္စည်းများက လူ့ခန္ဓာကိုယ်တွင် တန်ဖိုးရှိသည့် အာနိသင်များကိုပေးစွမ်းနိုင်သည်။       လက်ဖက်သည် နှလုံးသွေးကြောကောင်းမွန်စေခြင်း၊  လက်ဖက်စိမ်းအရွက်တွင် ပါဝင်သော Antioxidant များက သွေးအတွင်းရှိ မလိုအပ်သော ဓာတ်များကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင် ခြေကိုလည်းလျှော့ချပေးသည်။ ကင်ဆာရောဂါခံနိုင်စွမ်းကိုမြှင့်တင်ခြင်းနှင့် လက်ဖက်အရွက်ထဲရှိ Polyphenol များက ကိုယ်တွင်းဆဲလ်များ၏ ထိခိုက်မှုကိုကာကွယ်ပေးနိုင်ကြောင်းသိရှိရသည်။

      လက်ဖက်သည် အရေးအမြှေးလျော့စေခြင်းနှင့် လက်ဖက်ဖျော်သောက်ခြင်းသည် ကိုယ်တွင်း အသားအရေကို အသစ်ပြန်ဖွဲ့တင်စေပြီး အရေးအမြှေးလျော့စေတတ်သည်။

       လက်ဖက်သည် အာဟာရစွမ်းအင်မြှင့်တင်ပေးနိုင်ကြောင်းလည်းသိရှိရသည်။ နေ့စဉ်အလုပ်အကိုင်တွင် စွမ်းအင်လိုအပ်သူများအတွက် လက်ဖက်ဖျော်သောက်ခြင်းက မောပန်းခြင်းလျော့ချပေး သည်။ လက်ဖက်စားသုံးခြင်းသည် အသည်းကောင်းမွန်စေခြင်း သွေးအတွင်းအဆိပ်အတောက်များကို သန့်စင်ပေးသည့်အကျိုးကျေးဇူးများရှိကြောင်းသိရှိသည်။

      ကျန်းမာရေးအတွက် အသုံးဝင်သော်လည်းလွန်ကဲစွာသုံးစွဲခြင်းသည် အစာအိမ်နာခြင်း (သို့မဟုတ်) အိပ်မပျော်ခြင်း ဖြစ်နိုင်သည်။ မိခင်ဖြစ်သူများနှင့် သွေးဖိအားမြင့်သူများသည် ဆရာဝန် ညွှန်ကြားပေးထားသည့်အတိုင်းသာ စားသုံးသင့်ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)