
ဒီလိုပူပြင်းတဲ့နွေရာသီလမ်းမပေါ်မှာ အုန်းစိမ်းရည်ရောင်းတဲ့လှည်းလေးတွေ အများကြီး တွေ့ရ တတ်ပါတယ်။ ကိုယ်ဝယ်မှ အုန်းသီးကို ခုတ်ပေးပြီး အရည်ထုတ် အဖတ်လေးပါ ရောင်းပေးပါသည်။ နွေလိုမျိုး ပူပြင်းတဲ့ရာသီဥတုမှ အုန်းစိမ်းရည်သောက်လိုက်ရရင် အမောကိုပြေလို့။ ပြီးတော့ ခြစ်ထား တဲ့အုန်းသီးဖတ် နုနုလေးတွေကို ထန်းလျက်လေးနဲ့ ရောစားလိုက်လျှင်ပင် အလွန်ကောင်း လှပါသည်။ နှစ်ပေါင်းများစွာကတည်းက အုန်းစိမ်းရည်ကို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင် တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။ အုန်းစိမ်းသီးတစ်လုံးမှာ အရည်ဓါတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာ အထိပါ ဝင်ပါတယ်။ အုန်းစိမ်းရည်က အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ သဘာဝအချိုရည်တစ်မျိုးပါ။ အုန်းစိမ်းရည်မှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓါတ်ပိုမို ပါဝင် ပါသည်။ အုန်းစိမ်းရည်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓါတ်တွေ၊ ဗီတာမင်စီ၊ သံဓါတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ နဲ့ ဇင့် ဓါတ်တွေ လိုမျိုး သတ္တုဓါတ်တွေပါဝင်နေပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့အာဟာရဓါတ်တွေက ကိုယ်ခံအားစနစ် ကို တိုးမြှင့်ပေးပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့ cytokinin လို့ခေါ်တဲ့ အပင်ဟော်မုန်းတစ်မျိုးကလည်း အရွယ်တင်နုပျိုစေသလိုဘက်တီးရီးယားတွေနဲ့ကင်ဆာရောဂါတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ အုန်းစိမ်းရည်မှာပါတဲ့electrolyte compositionတွေကြောင့် ဝမ်းလျှောတာ၊ အော့အန် တာနဲ့အလွန်အမင်းချွေးထွက်တာတွေကြောင့် ခန္ဓါကိုယ်ကဆုံးရှုံးသွားတဲ့ရေဓါတ်ကို ပြန်လည်ဖြည့် တင်းပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အားပြည့်စေပါတယ်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အများအပြား ပေါက်ရောက်လျက်ရှိသည်။ ပြည်မြို့နယ်အတွင်းရှိ အုန်းစိမ်းရည်ကို ဈေးကြီးများနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါ သည်။ ယခု၂၀၂၅ခုနှစ် အောက်တိုလတတိယပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ပေါ်ရှိ အရောင်း ဆိုင်များတွင် အုန်းစိမ်းရည် တစ်လုံးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ထိရှိကြောင်း အုန်းစိမ်းရည်ရောင်းချ သူများထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
