မက္ကဒေးမီးယားအခွံခွာခြင်းအကြာင်း

Powered by Drupal
Wed, 10/29/2025 - 11:10 -- consumer_admin

   အခွံမာခွဲရာတွင် အဆံမပျက်စီးအောင် သတိပြုရပါမည်။ အတွင်းပိုင်းအဆံကို မထိခိုက်စေဘဲ အစေ့ခွံမာခွဲနိုင်သည့် စက်များပေါ်ထွက်လာခဲ့ပြီးဖြစ်ပါသည်။ မက္ကဒေးမီးယား အခွံမာသီးများအားဗွီ (V)ပုံသဏ္ဍာန် လည်ပတ်လျှက်ရှိသော ကြိတ်လုံးများပါဝင်သည့် ခွဲစက်များအား အသုံးပြု၍ကြိတ်ခွဲ နိုင်သည်။ အဆိုပါစက်များသည် ၁၂-၃၅ မီလီမီတာ အတွင်းရှိသော အခွံမာသီးများကြိတ်ခွဲခြင်း အတွက်သင့်လျော်ပါသည်။ ထို့အပြင် အခြောက်ခံပြီးနောက် အဆံသည် အခွံမာအတွင်းတွင် ရှုံ့သွား သည့်အတွက်ကြောင့်လည်း ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ပါသည်။ လက်ဖြင့်ကြိတ်ခွဲရာတွင် အထူးထုတ်လုပ်ထားသော အခွံမာခွဲကိရိယာအား အသုံးပြုနိုင်သည်။ အခွံမာသီးကြိတ်ခွဲခြင်းမှ အစေ့ဆံ ထွက်နှုန်းသည် ၃၀-၄၀ ရာခိုင်နှုန်း ဝန်းကျင်ရှိပါသည်။

DOCA(ရှမ်း)