
နှစ်ရှည်သီးနှံပင်ဖြစ်သည့် လက်ဖက်မွှေးပင်များကို စိုက်ပျိုးပြီး တစ်နှစ်ခန့်တွင် အရွက်များကို ခူးယူနိုင်ပြီဖြစ်ပါသည်။ အရွက်များကို တစ်နှစ်လျှင် (၄)ကြိမ်မှ (၅)ကြိမ်အထိ ခူးဆွတ်နိုင်ပြီး လက်ဖက်မွှေးရွက်များကို ရေဖြင့်ဆေးကြောပြီးပါက နေပူလှမ်းကာ မီးဖြင့်အပူပေး၍ စနစ်တကျ အခြောက်ခံရပါသည်။ လက်ဖက်မွှေးခြောက်၏ အနံ့သည် ကောက်ညှင်းလှော်နံ့ကဲ့သို့ သင်းမွှေးမွှေး ဖြစ်သောကြောင့် “ကောက်ညှင်းမွှေးရွက်” ဟူ၍လည်းခေါ်ဆိုကြပြီး အနံ့ကြိုက်သူများအနေဖြင့် အခါးရည်အိုးထဲ လက်ဖက်ခြောက်နှင့် ရောထည့်ကာ ရေးနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါသည်။ ရေနွေးတစ်ဗူးကို လက်ဖက်မွှေးရွက် ၁ ရွက် ထည့်သောက်ခြင်းဖြင့် အနံ့မွှေးပြီး ချိုပြသောအရသာ ပေးစွမ်းသောကြောင့် ရေနွေးကြမ်းအရသာကို ပိုမိုထူးကဲစေကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)
