ဂေါ်ရခါးသီး၏ကျန်းမာရေးအကျိုးပြုပုံ

Powered by Drupal
Tue, 10/28/2025 - 15:33 -- consumer_admin

   မြန်မာနိုင်ငံတွင် ဂေါ်ရခါးသီးကို ဈေးနှုန်းသက်သက်သာသာဖြင့်ဝယ်ယူရရှိနိုင်ပြီး ကျန်းမာရေးနှင့်လည်းညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ဂေါ်ရခါးသီးတွင် အစွမ်းထက်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများပါဝင်ပြီး ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးခြင်း၊ ရောင်ရမ်းခြင်း ကိုလျော့ချပေးပြီး ခန္ဓာကိုယ်အတွင်း ဓာတ်တိုးဖိစီးမှုကိုလျော့ချပေးသည့်အပြင်ကင်ဆာရောဂါ၊ ဆီးချိုရောဂါနှင့် ရောင်ရမ်း မှုကို ဟန့်တားပေးပါသည်။ ဂေါ်ရခါးသီးကိုစားသုံးပေးခြင်းဖြင့် သွေးတိုးခြင်း၊ ကိုလက်စထရော မြင့်မားခြင်းနှင့် သွေးစီးဆင်းမှုအားနည်းခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေအကြောင်း အရင်းများစွာ ကိုတားဆီးပေးသည့်အပြင် ဂေါ်ရခါးသီးတွင်ပါဝင်သော ဓာတ်ပေါင်းများက သွေးကြော များကို ပြေလျော့စေကာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါသည်။ ဂေါ်ရခါးသီးတွင် ကာဗိုဟိုက်ဒရိတ်နည်းပါးပြီး ပျော်ဝင်နိုင်သော အမျှင်ဓာတ်မြင့်မား သောကြောင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိ ပေးနိုင် ပါသည်။ ဖောလိတ်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ စားသုံး ပေးခြင်းဖြင့်လမစေ့ဘဲ ကလေးမွေးဖွားခြင်းမှ တားဆီးပေးနိုင်ပါသည်။ ဂေါရခါးသီးကို သင့်တင့်မျှတစွာစားသုံးပေးပါက ထူးခြားသည့် ဘေးထွက် ဆိုးကျိုးများစွာမရှိသော်လည်း အလွန်အကျွံစားသုံးပေးပါက ဝမ်းပျက်ဝမ်းလျှောခြင်း၊ လေပွခြင်းနှင့် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း စသည့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿာနာ များကိုဖြစ်စေနိုင်ပါသည်။

DOCA(မန္တလေး)