ငှက်ပျောသီး၏ကျန်းမာရေးနှင့်အသုံးဝင်ပုံ

Powered by Drupal
Tue, 10/28/2025 - 15:17 -- consumer_admin

ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသစ်သီးအမျိုးအစားဖြစ်ပြီး အရှေ့ တောင် အာရှနိုင်ငံများတွင် ငှက်ပျောမျိုးကွဲများစွာဖြင့် စိုက်ပျိုးထွက်ရှိမှု အများဆုံးသစ်သီး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေရာအနှံ့အပြားတွင် စိုက်ပျိုးထွက်ရှိသည့် သီးနှံဖြစ်သည်။ ငှက်ပျောသီးတွင် ပိုတက်စီယမ်ဓါတ်၊ ဗီတာမင်(B6)၊ ဗီတာမင်(C)၊ မဂ္ဂနီဆီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်အနည်းငယ်တို့ ပါဝင်ကြောင်း၊ ငှက်ပျောသီးတွင် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း(Antioxidants) များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များပျက်စီးမှု ကိုကာ ကွယ်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အသားအရေနှင့်ကျန်းမာရေးကို ထိန်းသိမ်း ပေးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေး စေခြင်းတို့ကို အထောက်အကူပြုကြောင်း သိရှိရသည်။ ထို့အပြင် ငှက်ပျောသီးသည် အရသာကောင်းမွန် ပြီး ကျန်းမာရေးနှင့်ညီညွတ်၍ လူသားတို့အတွက် အာဟာရဓာတ်များစွာပါဝင်ခြင်း၊ ခွန်အားကိုဖြစ်စေ ခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်းနှင့် ခန္ဓာ ကိုယ် အလေးချိန်လျော့ကျခြင်း၊ အမျှင်ဓာတ်များစွာပါဝင် သောကြောင့် အစာချေဖျက်မှုစနစ် ကောင်းမွန် စေသဖြင့် ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပြီး အစာအိမ် နှင့်အူလမ်းကြောင်း ကျန်းမာရေး အတွက် များစွာအထောက်အကူပြုကြောင်း သိရှိရသည်။

DOCA( မန္တလေး)