ဂေါ်ဖီထုပ်၏အကျိုးကျေးဇူးများ

Powered by Drupal
Thu, 10/23/2025 - 09:56 -- consumer_admin

      ဂေါ်ဖီထုပ်ကို အသုပ်တွေထဲထည့်စား၍သော်လည်းကောင်း၊ ကြော်စား၍လည်းကောင်း၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် ထမင်းကြော်များတွင်လည်းထည့်၍အမျိုးမျိုးအသုံးပြု၍ စားသုံး ကြပါသည်။ မြန်မာလူမျိုးများ၏ အစားအစာတော်တော်များများမှာ ပါတတ်တဲ့ဂေါ်ဖီထုပ်က တဂျွတ်ဂျွတ်နှင့် ဝါးလို့ကောင်းသလိုကျန်းမာရေးအတွက်လည်း အလွန်မှအထောက်အကူပြုပေးပါသည်။

    ဂေါ်ဖီထုပ်တွင်အာဟာရဓာတ်များစွာပါဝင်ပါသည်။ မြန်မာလူမျိုးတို့နေ့စဉ်စားသုံးနေသော အစားအစာများတွင်ပါဝင်တတ်သောဂေါ်ဖီထုပ်တွင် ကယ်လ်လိုရီ၊ ကာဗိုဟိုက်၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ပရိုတင်း၊ ဗီတာမင်စီ၊ ဗီတာမင် အေ၊ ကယ်ဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ် နှင့် ဖောလိတ်တို့ပါဝင်နေပါသည်။

    ဂေါ်ဖီထုပ်ကိုစားသုံးခြင်းဖြင့် ကင်ဆာရောဂါကိုကာကွယ်ပေးပြီး နှလုံးကျန်းမာရေးကို လည်းအထောက်အကူပြုပါသည်။ ဂေါ်ဖီမှာပါဝင်သော anthocyanins ကကင်ဆာမဖြစ်အောင် ကာကွယ်ပေးသလို နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သောကြောင့် နှလုံးသွေးကြောများကို ကျန်းမာစေပြီး နှလုံးသွေးစီးဆင်းမှုကိုကောင်းမွန်စေပါသည်။နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ကိုလျှော့ချပေးသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါသည်။ polyphenol ပါဝင်မှုကနှလုံးသွေးကြောဆိုင်ရာရောဂါများမဖြစ်အောင်ကာကွယ်ပေးသလို နှလုံး သွေးကြောကျဉ်းရောဂါများကိုလည်းပျောက်ကင်းစေနိုင်ပါသည်။

    ဂေါ်ဖီထုပ်တွင်ပါဝင်သော ဗီတာမင် စီ၊ ဗီတာမင် အေတို့ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိအကောင်းဆုံးအားဖြည့်ပေးပြီး ခန္ဓာကိုယ်ကျန်းမားစေဖို့များစွာအထောက်အကူပြု ပါသည်။ ဂေါ်ဖီထုပ်တွင် အစာခြေစနစ်ကိုအားဖြည့်ပေးသော ရေဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေသောကြောင့် အူတွေကိုလှုပ်ရှားမှုအားကောင်းစေပြီး အူနံရံတွေကို အာဟာရဓာတ် ပြည့် ပြည့်ဝဝစုပ်ယူနိုင်စေသလို ဝမ်းလည်းမှန်စေပါသည်။ ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေ သောအရာများကိုပြင်ပဝမ်းအနေနဲ့စွန့်ထုတ်ပေးပါသည်။ဂေါ်ဖီထုပ်တွင် ပိုတက်ဆီယမ်  ကြွယ်ဝ စွာပါဝင်နေသောကြောင့် သွေးပေါင်ချိန်ကို အကောင်းမွန်ဆုံးထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလိုသွေးကြောများထဲမှသွေးစီးဆင်းမှုကောင်းစေဖို့လည်းအကောင်းဆုံး အားဖြည့် ပေးပါသည်။

    ဂေါ်ဖီထုပ်ကို စားသုံး၍သော်လည်းကောင်း၊ အရေပြားတွင်လိမ်း၍သော်လည်းကောင်း၊ အထက်ပါအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။ သို့သော် အလွန်အကျွံစားသုံးခြင်း၊ အရေပြား တွင်အလွန်အကျွံလိမ်းခြင်းမျိုးကိုတော့ရှောင်ရှားသင့်ပါသည်။ အထူးသဖြင့်အရေပြားတွင်အသုံး ပြုသောအခါ စပ်ဖျင်းဖျင်းဖြစ်ခြင်း၊ ယားယံခြင်းများဖြစ်ပေါ်လာပါက ရေနှင့်ဆေးကြောပြီး စောင့် ကြည့်ဖို့လိုအပ်ပါသည်။ သဘာဝနည်းလမ်းဖြစ်သော်လည်း သန့်စင်ထားခြင်းမျိုးမရှိလျှင် ခန္ဓာ ကိုယ်အတွက်အဆိပ်အတောက်ဖြစ်နိုင်သည်ကို သတိထားဖို့လိုအပ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရှမ်း)