နှလုံးကျန်းမာရေး အထောက်အကူပြုသော ကျွဲကောသီး

Powered by Drupal
Wed, 10/22/2025 - 15:48 -- consumer_admin

     ကျွဲကောသီးက သွေးတွင်းအဆီဓာတ် နှစ်မျိုးဖြစ်သည့်  ကိုလက်စထရောနှင့်  ထရိုင်ဂရစ် စရိုဒ်တို့ကို လျော့ကျစေသည်။ထိုအဆီဓာတ်နှစ်မျိုးစလုံးက နှလုံးကိုထိခိုက်စေသော ကြောင့်  နှလုံး ကျန်းမာရေး ကောင်းမွန်လိုပါက ကျွဲကော သီးစားပေးရန်လိုသည်။  ကျွဲကောသီးတွင် မဂ္ဂနီဆီယမ် ဓာတ် ပါဝင်သောကြောင့် နှလုံးကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်    အထောက်အကူပြုသည်။ ပိုတက်ဆီယမ်ဓာတ်များစွာ ပါဝင်ခြင်းသည်လည်း ခန္ဓာကိုယ်တွင်းရှိ မကောင်းသည့် ကိုလက်စထ ရောများကို လျှော့ချပေးသည်။ သွေးထဲရှိ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သဖြင့် နှလုံးအား ကောင်းစေသည်။    ဗီတာမင်-C  ပါဝင်သည့်အတွက် သွေးလွှတ်ကြောများ ဆန့်ခြင်း၊ ကျုံ့ခြင်းကို ပျော့ပျောင်းစေနိုင်သည်။ ထို့ပြင် ကျွဲကောသီးတွင် ပက်တင် (Pection)ဓာတ်ပါရှိသဖြင့် သွေးလွှတ်ကြောများ ပိတ်ဆို့မှုမဖြစ်စေဘဲ သွေးကိုကောင်းစွာ စီးဆင်းလည်ပတ်စေနိုင်သော ကြောင့်  နှလုံးကိုကျန်းမာစေသည်။

သွေးတိုးကျစေသောကျွဲကောသီး

   ကျွဲကောသီးတွင် တစ်နေ့တာ လိုအပ်သည့် ပိုတက်ဆီယမ်ပမာဏ၏  ၃၇  ရာခိုင်နှုန်း ခန့်ပါရှိသည့်အတွက်  သွေးကိုပုံမှန်ဖြစ်စေသဖြင့် သွေးတိုးရောဂါရှိသူများ စားသုံးသင့်သည်။ ကျွဲကော သီးက   သွေးတိုးရောဂါ ပျောက်ဆေးဝါးများ ထက် ပိုမိုအစွမ်းထက်သည်ဟုဆိုသည်။ ကျွဲကောသီး တွင် ပါဝင်သည့်  ပိုတက်ဆီယမ်က သွေးဖိအားကိုပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေသည့်အပြင် နှလုံးကိုဝန်အားလျှော့ချပေးပြီး နှလုံးရောဂါအန္တရာယ်များ လျော့နည်းစေနိုင် သည်။

ဆီးချိုသမားများ စားသင့်သောကျွဲကောသီး

     ဆီးချိုသမားများအတွက်   ကျွဲကောသီးသည် သွေးတွင်းအချိုဓာတ်ကို   ကူညီလျှော့ချပေး နိုင်သည်။ အစားစား ချင်စိတ်ကို လျော့နည်းစေသည့် အင်ဆူလင်ထုတ်လွှတ်မှုကိုလည်း လျှော့ချ ပေးပြီး  အစားစားချင်စိတ် ဖြစ်ပေါ်လာသည့်အခါ  ကစီဓာတ် စားချင်စိတ်ကိုလျော့နည်း စေသော ကြောင့်  သွေးတွင်းအချိုဓာတ်ဖြစ်ပေါ်မှုကို  လျော့ပါး စေသည်။  ဆီးချိုသမားများတွင် ဖြစ်လေ့ရှိ သည့်  နာဗ်ကြောနှင့်ဆိုင်သည့် ပြဿနာများကိုလည်း ကျွဲကောသီးက ကူညီပေးနိုင်သည်။  ကျွဲကော သီးတွင် ပါဝင်သည့် ပိုတက်ဆီယမ်က    ကြွက်သားများ ကို   တင်းရင်းစေသဖြင့်  ဆီးချိုကြောင့်ဖြစ် သော   ခန္ဓာကိုယ်တွဲကျမှုကို လျော့နည်းစေသည်။  ဆီးချိုရှိသူများ၏ ခန္ဓာကိုယ်သည် လိုအပ်သည့် အာဟာရဓာတ်များကို သေချာမစုပ်ယူနိုင်သဖြင့် ချူချာသည့်ပြဿနာများအတွက်လည်း ကျွဲကော သီးက ကိုယ်ခံအားကိုဖြည့်တင်းပေးနိုင်သည်။ သွေးတွင်းအချိုဓာတ်ကိုလျှော့ချ ပေးသည့် အပြင်    သွေးတွင်းကိုလက်စထရောကို  လျှော့ချပေးသောကြောင့် သွေးတိုး၊ နှလုံးနှင့် ပတ်သက် သည့် ရောဂါများဖြစ်ပွားမှုကို လျော့ကျစေသည်။ 

ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သော ကျွဲကောသီး

     ကျွဲကောသီးတွင်ပါဝင်သော    ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ရင်သားကင်ဆာနှင့် အူကင်ဆာ ရောဂါဖြစ်ခြင်းတို့ကို  တားဆီးပေးနိုင်သည်။  အီစတိုဂျင် ပါဝင်သော ကြောင့်  ကင်ဆာ ဆဲလ်များ ပြန့်ပွားခြင်းကို ထိန်းချုပ်ပေးထားပြီး အမျှင်ဓာတ်ကအူမကြီးကင်ဆာ မဖြစ်စေ ရန်  စွမ်းဆောင်ပေးနိုင်သည်။  ကျွဲကောသီးတွင်      ပါဝင်သည့်     ဖလေဗိုနွိုက်ဓာတ်ကလည်း ပန်ကရိယ၊ ရင်သားနှင့် အူလမ်းကြောင်းစသည့် နေရာများတွင်  ကင်ဆာဆဲလ်နှင့် အကျိတ်များ မဖြစ်စေရန် ကူညီပေးသည်။ ကျွဲကောသီး၏အသားကို  ဖုံးအုပ်ထားသော   အဖြူရောင်အခွံပါး သည်  အနည်းငယ်ခါးသက်သော်လည်း ကင်ဆာဆဲလ်များကို ကောင်းစွာ နှိမ်နင်းနိုင်သည့် အတွက်    အခွံပါးကို စားပေးသင့်သည်။  အဖြူရောင်အခွံပါးထဲတွင်  Bioflavonoid ဓာတ်ပါရှိ နေပြီး   ယင်းဓာတ်က  ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်များပျံ့နှံ့မှု ကို လျှော့ချပေး နိုင်စွမ်း ရှိသည်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ပိုလျှံသော အီစတိုဂျင်များကို ရှင်းလင်းပေး သော ကြောင့်  ရင်သား ကင်ဆာဆဲလ် များ ပြန့်ပွားမှုကို  ထိရောက်စွာ ကာကွယ်ပေးနိုင် သည်။ အစာအိမ် နှင့် မုန့်ချိုအိတ် ကင်ဆာ တို့ကိုလည်း  သက်သာပျောက် ကင်းစေနိုင်သည့်အပြင်  အူမကြီးကင်ဆာဖြစ်မလာစေရန် တားဆီးပေးနိုင်သည်။

ဆီးလမ်းကြောင်းပိုးဝင်မှုကို သက်သာစေသော ကျွဲကောသီး

     ကျွဲကောသီးသည်  ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း      ရောင်ရမ်းမှုကိုတွန်းလှန်ပေးနိုင် သည်။ ဆီးလမ်းကြောင်း ရှိ ဗက်တီးရီးယား ကြီးထွားပြန့်ပွားမှုကို လျော့ကျစေပြီး ဆီးတွင်းမှ အက်စစ်ဂုဏ် သတ္တိကို မြင့်တက်စေသည်။   ထို့ကြောင့်   ကျွဲကောသီးစားခြင်းဖြင့် ဆီးလမ်းကြောင်းပိုး ဝင်မှုကို သက်သာစေမည်ဖြစ်သည်။

အနာကျက်မြန်စေသောကျွဲကောသီး

    ကျွဲကောသီးသည်  ဗီတာမင်-C ကြွယ်ဝသောကြောင့်  အရေပြားကျုံ့ဆန့်နိုင်စွမ်း ပိုကောင်း စေပြီး အနာကျက်ခြင်း ကိုမြန်ဆန်စေသည့်  ကော်လာဂျင် ဖြစ်တည်မှုကို အားပေးသည်။ ခွဲစိတ် ကုသမှု ခံယူထားသူများအနေဖြင့် ကျွဲကောသီးနှင့် တခြားအချဉ်

    အရသာရှိသည့် သစ်သီးဝလံများကို စားပေးသင့်သည်။ ဗီတာမင်-C   သည်   အရေပြား တင်းရင်းစေသည့် ကော်လာဂျင်ဖြစ်ပေါ်မှုတွင် ပါဝင်သည့်  အင်ဇိုင်းအကူဖြစ်သကဲ့သို့ အရေပြား၏ ဆွဲဆန့်အားကို ကောင်းမွန်စေကာ    အနာ ကျက်မြန်စေသော  အစွမ်းသတ္တိရှိသည်။

အရိုးများသန်မာစေသောကျွဲကောသီး

   ကျွဲကောသီးတွင်ပါဝင်သည့် သတ္တုဓာတ်များသည် အရိုးဆဲလ်အသစ်ဖြစ်ပေါ်ခြင်းနှင့်     အရိုးမ ပျက်စီးအောင်  ကာ ကွယ်ပေးနိုင်သည်။    ကျွဲကောသီးကို မကြာခဏစားပေးခြင်းဖြင့် အရိုးပွရောဂါ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေ ကိုလျော့နည်း စေပြီး အရိုးကျိုးအက်နိုင်ခြေနည်းစေသည်။

သွားများကိုခိုင်မာစေသော ကျွဲကောသီး

    ကျွဲကောသီးသည်     သွားဖုံးသွေးယိုစီးခြင်းကို ကာကွယ်ပေးကာ သွားများကိုခိုင်မာစေသည်။ ခံတွင်းအနံ့ဆိုးများ ပျောက်ကင်းစေသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်း နှင့်  ရာသီဖျား များကိုလည်း  အလွယ်တကူမကူးစက်နိုင်ပေ။ ကျွဲကောသီးတွင်ပါဝင်သည့် ကော်လာဂျင် ကြောင့်  သွား နှင့်သွားဖုံးများကို ကျန်းမာအောင် ထိန်းညှိပေးနိုင်သည့်အပြင်  ဗီတာမင်-C ကြောင့်  ဗက်တီးရီးယား ပိုးဝင်ခြင်းကို   ကာကွယ်ပေးနိုင်သည်။

သတိပြုစားသင့်သောကျွဲကောသီး

    မွေးရာပါဗီတာမင် -C  နှင့်   ဓာတ်မတည့်သူများ ကျွဲကောသီးကို စားမိပါက  အရေပြား ပေါ်တွင်   အဖုအပိမ့်၊ အနီစက်များထွက်ပြီး အရေပြားရောင်ရမ်းစေတတ်သည်။ အလွန်အကျွံစား သုံးမိပါက ကျောက်ကပ်ကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်းစသည့်  ဘေးထွက်ဆိုးကျိုးများ   ဖြစ်စေ နိုင်သည်။  ကျောက်ကပ်နှင့်အသည်းမကောင်းသူများ၊  သွေးပေါင်ကျတတ်သူများအနေဖြင့်  ကျွဲကောသီးကို   များများမစားသင့်ပေ။ အမှည့်လွန်နေသော ကျွဲကောသီးများကို  မစားသင့်ပေ။

    အချုပ်ဆိုရသော် ကျွဲကောသီးသည် ခန္ဓာကိုယ်ထဲရှိ   အဆိပ်အတောက်များကို  ဖယ်ထုတ်ပေး ကာ သွေးကို သန့်စင်စေသည်။ ကျွဲကောသီး မှန်မှန်စားသုံးပေးခြင်းဖြင့်  ပင်ပန်းနွမ်းနယ်ခြင်း ၊ အိပ်မပျော်ခြင်း၊ လည်ပင်းနာခြင်းနှင့် ဆီးချိုရောဂါတို့ကို သက်သာကောင်းမွန်စေ သည်။ ကိုယ်ခံစွမ်း အား တိုးတက်ကောင်းမွန်စေသဖြင့်   ကူးစက်ဖျားနာ ရောဂါများ မဖြစ်နိုင်ပေ ။  ပန်းနာ၊ ရင်ကျပ် ရောဂါကို သက်သာပျောက်ကင်းစေသည်။ ကိုယ်ဝန် ဆောင်မိခင်များ ခန္ဓာကိုယ် ဖောရောင်ခြင်း အတွက်  ကျွဲကောသီးစားပေးသင့်သည်။  ကျွဲကောသီးတွင်  ခန္ဓာကိုယ်အတွက် လိုအပ် သည့်  ဗီတာ မင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကျန်းမာရေးအတွက်  ကျွဲကော သီး စားသုံးသင့်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)