ဆေးဖက်ဝင်သင်္ဘောမညိုးပင်

Powered by Drupal
Wed, 10/22/2025 - 15:47 -- consumer_admin

               သင်္ဘောမညိုးပင်သည် မိုးရာသီတွင် အဖြူရောင်၊ ပန်းရောင်၊ ခရမ်းရောင် စသည်ဖြင့် ရောင်စုံပန်းကလေးများ လှပစွာပွင့်သောအပင်မျိုးဖြစ်သည်။ ပန်းအလှပင်အဖြစ် ဘုရားကျောင်းကန် စေတီပုထိုးများတွင် အက်ကွဲအစေ့ကျအပင်ပေါက်ဖြစ်၍ ပင်ပွားနှုန်းအားကောင်းပါသည်။ သင်္ဘော မညိုးပင်ကို နေရာဒေသအလိုက် အမည်အခေါ်အဝေါ်ကွဲပြားနိုင်သည်။ သင်္ဘောမညိုးပန်းကလေး တွေ၏ ရောင်စုံအလှပန်းတွေကလဲ လူတွေ၏စိတ်ကို ဆွဲဆောင်အားကောင်းစေပါသည်။ ယခင်က အခြားသောထိုင်ဝမ်ပန်းအလှပန်းမျိုးများမပေါ်ပေါက်ခင်က ကျေးလက်တောရွာများတွင် သင်္ဘော မညိုးပင်ရောင်စုံပန်းကလေးများက ပဏာစားလျှက်ရှိသည်။ ရနံ့မကြွယ်လှသွေးကြွယ်သော ပန်း ကလေးများဖြစ်သည်။ ပန်းပွင့်သော အလှပန်းကလေးများအဖြစ် စိုက်ပျိုးလေ့ရှိခဲ့ရာမှ ယခုအခါ ဆေးပညာဗဟုသုတများ ကျယ်ပြန့်လာပြီး သင်္ဘောမညိုးပင်က ဆေးဖက်ဝင်သော အပင်ဖြစ်နေခဲ့ သည်။ သွေးတိုးရောဂါ၊ သွေးကင်ဆာ၊ ပန်းနာ၊ လည်ချောင်းနာ၊ အဖျားရောဂါ၊ အစာအိမ်ရောင်ခြင်း၊ ဝမ်းကိုက်ခြင်းနှင့် သွေးအားနည်းရောဂါများအတွက် သင်္ဘောမညိုးပင်တစ်ပင်လုံး ဆေးဖက်ဝင် ကြောင်း လေ့လာသိရှိရသည်။ သင်္ဘောမညိုးပန်းပွင့်အဖြူကလေးများကို ခူးဆွတ်၍ ရေတစ်ဖန်ခွက် ဖြင့် တစ်ညစိမ်၍ မနက်အိပ်ယာထသောက်ပေးက သွေးအားနည်းရောဂါအတွက် သက်သာစေပါ ကြောင်း သိရှိရသည်။ ဆေးဖက်ဝင်အပင်ဖြစ်သောကြောင့်လည်း တိုင်းရင်းဆေးဖော်စပ်သူများမှ လည်း ဝယ်ယူမှုရှိကြောင်း သိရှိရသည်။ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုပေမဲ့လည်း လူတစ်ဦးနှင့် တစ်ဦး ဓါတ်မတည့်မှုများ မတူညီခြင်းကြောင့် တက်သိကျွမ်းကျင်ပညာရှင်များ၏ ညွှန်ကြားချက် ဖြင့်သာ သောက်သုံးသင့်ပါသည်။ ရှေးလူကြိးများကတော့ ဤအပင်၏ အဖြူရောင်အစေးများသည် အဆိပ်ရှိသည်ဟု ဆို၍ မည်သူမှ ခူးယူခြင်းမပြုဘဲ အလှပန်းပင်အဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ ရောင်စုံအလှပန်းကလေးများ ဝေဝေဆာဆာပွင့်ဖူးတက်သော အပင်ကလေး များဖြစ်၍ စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)