
နေကြာစိုက်ပျိုးလျှင် ပြုပြင်ပြီးသား မြေများကိုလက်ဖြင့်အနက် ၁လက်မမှ၁လက်မခွဲ ထိုးလိုက်၍ အစေ့ကို ထည့်စိုက်နိုင်ပါသည်။ တစ်စေ့နှင့်တစ်စေ့ကို ၆လက်မခြားပြီး စိုက်ပျိုးနိုင်ပါသည်။ တစ်ကျင်းလျှင် နှစ်စေ့သုံးစေ့ ထည့်စိုက်နိုင်ပြီး အပင်အမြင့်၆လက်မ ရောက်လာသည့်အချိန်တွင် အသန်ဆုံးအပင်ကို ချန်ပြီးကျန်အပင်များကို မှုန်းပေးနိုင်ပါသည်။ မိမိစိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ တစ်တန်းနှင့်တစ်တန်းကြား ၃၀လက်မလောက် ခြားပေးနိုင်ပါသည်။ တစ်ချို့မျိုးများသည် ကိုင်းများဖြာတတ်သောကြောင့် ပင်ကြားတန်းကြား ကျယ်ကျယ်ထားပေးရန် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် ပင်ကြားအကျယ်အား ၆လက်မစီ ထားပေးနိုင်ပါသည်။ စိုက်ပျိုးချိန်တွင် မြေဩဇာ နည်းနည်းထည့်ပေးပါက အပင်များကိုပိုမို သန်မာစေပါသည်။ သတိထားရမည့်အချက်မှာ မျိုးစေ့များကို ငှက်များချီနိုင်သည့်အတွက် အပင်မပေါက်ခင် အထိအပေါ်မှ ပိုက်ကွန်အုပ်ပေးထားရန်လိုအပ်ပါသည်။
DOCA(ရှမ်း)
