
မန္တလေးကုန်စိမ်းစျေးကွက်တွင် တစောင်းခါးနှင့်တစောင်းချဉ်ကုန်စိမ်းများစတင်ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။ ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်တစောင်းခါးနှင့်တစောင်းချဉ်များ စတင်ဝင်ရောက် လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလစတုတ္ထပတ် အတွင်း စျေးကွက်အတွင်း ဖြစ်ပေါ်နေသည့်စျေးများမှာ တစောင်းခါးနှင့်တစောင်းချဉ် တစ်ပိဿာ လျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊ လက်လီစျေး ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံ ဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)