နွားနို့သောက်သုံးခြင်း၏အကျိုးကျေးဇူးများ

Powered by Drupal
Fri, 10/17/2025 - 15:40 -- consumer_admin

   နို့အမျိုးမျိုးကို နှစ်ပေါင်းများစွာသောက်သုံးလာခဲ့ကြရာ နွားနို့အပါအဝင် သိုး၊ ဆိတ်များ ဆီမှထုတ်လုပ်သောက်သုံးကြပါသည်။ နို့သောက်ခြင်းဖြင့် ဓာတ်မတည့်ခြင်းများဖြစ်လာနိုင်ပြီး အကျိုးကျေးဇူးများလည်းရှိပါသည်။ နွားနို့သည် ဗီတာမင်နှင့် သတ္ထုဓာတ်များ၏ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပြီး ဗီတာမင်အေ၊ မဂ္ဂနီဆီယမ်နှင့် ဇင့်စသည့်အာဟာရဓာတ်များလည်း ကြွယ်ဝ စွာပါဝင်ပါသည်။ နွားနို့သောက်ခြင်းဖြင့် အရိုးများကျန်းမာကြံ့ခိုင်စေပြီး ကယ်လ်ဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်ဆီယမ်၊ ပရိုတိန်းနှင့် ဗီတာမင် K2စသည်များလည်းပါဝင်ပါသည်။ ခန္ဓာကိုယ် တွင်ရှိသည့် ကယ်လ်ဆီယမ်၏၉၉ရာခိုင်နှုန်းကို အရိုးများနှင့် သွားထဲတွင်သိုလှောင်ထားပါသည်။ နို့သည် ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်ပြီး လိုအပ်သည့် ဗီတာမင်D၊ ဗီတာမင် K၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ်များလည်းပါဝင်ပါသည်။ နွားနို့ကိုပုံမှန်သောက်သုံးပေးခြင်းဖြင့် အရိုးနှင့် ပတ်သတ်သောရောဂါများမှကာကွယ်ပေးနိုင်ပြီး သက်ကြီးရွယ်အိုများ အရိုးများကျိုးပဲ့လွယ် ခြင်းကိုလျှော့ချပေးနိုင်ပါသည်။ နို့သောက်ခြင်းကြောင့် အဝလွန်နိုင်ခြေကိုလျော့နည်းစေပြီး ပရို တိန်းပါဝင်မှုများသောကြောင့် အဆာခံနိုင်ပါသည်။ နွားနို့သည် ကျန်းမာရေးအတွက် နည်းမျိုး စုံနှင့်အကျိုးပြုစေနိုင်သောကြောင့်  ပုံမှန်အတိုင်းသောက်သုံးနိုင်သည့်အပြင် အခြားအစား အသောက်များနှင့်လည်း တွဲဖက်၍စားသုံးနိုင်ပါသည်။ ဥပမာအားဖြင့် ပရိုတိန်းကြွယ်ဝပြီး အရသာရှိသည့် Smootheies အနေနှင့် အာဟာရဓာတ်ပိုမိုပြည့်ဝအောင် အသီးအနည်းငယ် ထပ်ဖြည့်ပြီး ပြင်ဆင်စားသုံးနိုင်ပါသည်။ ကော်ဖီ(သို့မဟုတ်) လက်ဖက်ရည်နှင့်ပေါင်းစပ် ၍သောက်သုံးလျှင်လည်း အာဟာရဓာတ်များပိုမိုရရှိနိုင်ပါသည်။ နွားနို့နှင့် တိရစ္ဆာန်များ မှထုတ် ယူထားသောနို့မဟုတ်ဘဲ အစေ့အဆန်များမှထုတ်လုပ်ထားသည့် နို့များလည်းရှိသောကြောင့် တိရစ္ဆာန်ထွက် အစားအသောက်များကို ရှောင်ကြဉ်သူများအနေနှင့် လည်းရွေးချယ်စရာ ရှိနေပါသည်။ ထို့ကြောင့် အာဟာရဓာတ်များစွာပါဝင်သော နွားနို့ကို နေ့စဉ်ပုံမှန်သောက်သုံး ပေးသင့်ပါသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင် နွားနို့(၅၀)သားတစ်ဗူးလျှင် (၃၀၀၀)ကျပ်နှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။  

DOCA(မန္တလေး)