ပင်စိမ်း

Powered by Drupal
Fri, 10/17/2025 - 15:37 -- consumer_admin

   ပင်စိမ်းပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်တတ်ပြီး သဘာဝအတိုင်းပေါ် ရောက်တတ်သလို ကိုယ်တိုင်စိုက်ပျိုးခြင်းများလည်းရှိပါသည်။ မျိုးစေ့မှအလွယ်တကူစိုက်ပျိုး နိုင်ပြီး မြေဩဇာအထူးမလိုအပ်သောအပင်လည်းဖြစ်ပါသည်။ ပင်စိမ်းပင်သည် အပင်ငယ်တစ် မျိုးဖြစ်ပြီး အရွက်မှာသေးပြီးနူးညံ့ပါသည်။ တပေါင်း၊ တန်ခူးလတွင် အပွင့်ဖြူလေးများပွင့် လေ့ရှိပါသည်။ အရသာမှာပူစပ်စပ်ဖြစ်ပြီး ဟင်းချက်သည့်အခါအသုံးပြုကြပါသည်။ ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး ဟူ၍ပင်စိမ်းအမျိုးမျိုးရှိပါသည်။ ပင်စိမ်း ကိုဆေးဖော်စပ်ရာတွင် အရွက်နှင့် အစေ့ကိုအသုံးပြုပါသည်။ မြန်မာဆေးကျမ်းများထဲတွင် ပင်စိမ်းသည်ပူစပ်၍ အရသာ ခါးသောကြောင့် သလိပ်ကိုပျော်စေခြင်း၊ ရင်ကြပ်ခြင်း၊ အစာမ ကြေခြင်း၊ ချွဲကြပ်ခြင်းများကိုသက်သာ စေကြောင်းဖော်ပြထားပါသည်။ ပင်စိမ်းအရွက်နှင့်အစေ့ ကို မြန်မာဆေးဝါးအဖြစ်လည်းအသုံးပြု နိုင်သည်။ ခေါင်းတခြမ်းကိုက်လျှင် ပင်စိမ်းသတ္ထုရည်ကို ယူပြီး နားထင်နှင့်နဖူးကိုလိမ်းပေးခြင်း၊ ပွေးနာ၊ ယားနာများအတွက် ပင်စိမ်းရွက်ကို သံပုရာရည် နှင့်ရောပြီး ညက်နေအောင်ထောင်းကာ ရလာသောအရည်ကိုအနာကိုပွတ်တိုက်လိမ်း ပေးနိုင် ခြင်း၊ အစာမကြေ၊ ဝမ်းကိုက်ခြင်းများအတွက် ပင်စိမ်းသတ္ထုရည်ကိုသောက်ပေးခြင်း၊ ပင်စိမ်း ရွက်ကိုပြုတ်၍သောက်ပေးခြင်းဖြင့် သက်သာစေ နိုင်ပါသည်။ ပင်စိမ်းရွက်သတ္ထုရည်ကိုဇွန်း ဖြင့်ထည့်ပြီးမီးအပူပေးကာ ရလာသောအရည်နွေးနွေး လေးကို နှစ်စက်သုံးစက်ခန့်နားထဲထည့် ပေးပါက နားအူ၊ နားကိုက်၊ နားပြည်ယိုခြင်းများကို သက်သာစေနိုင်သည်။ လေငန်းလေဖြတ်၊ အဆစ်ရောင်ရောဂါများအတွက် ပင်စိမ်းပဥ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ရှူပေးခြင်း၊ ဆီးအောင့် ခြင်းများအတွက် ပင်စိမ်းစေ့ကိုသကြားရည်နှင့် ဖျော်ရည်အဖြင့်လည်း သောက်သုံးပေးခြင်းဖြင့် လည်းသက်သာစေပါသည်။ အစာအိမ်လေနာ၊ ဝမ်းနာခြင်း ၊ အစားသောက်ပျက်ခြင်းများအတွက် ပင်စိမ်းရွက်ကိုထောင်းပြီးသောက်သုံးပေးနိုင်ပါသည်။ ကင်းမြီးကောက်ကိုက်ခံရလျှင်ပင်စိမ်းရွက် ကိုကြိတ်၍အုံပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ ပင်စိမ်းရွက် အစိုကိုသုံးခွက်တစ်ခွက် တင်ကျိုပြီး ပူပူလေးသောက်ပေးပါက အအေးမိ၊ နှာစေး၊ချောင်းဆိုးခြင်းနှင့် တုပ်ကွေးရောဂါ များကိုလည်းသက်သာစေနိုင်ပါသည်။ ထိုသို့အကျိုးကျေး ဇူးများသောပင်စိမ်းကို အမှတ်တမဲ့ဖြင့် အဖိုးတန်သည်ဟုမထင်ရသော်လည်း ကျန်းမာရေးအတွက် အလွန်အကျိုးရှိကြောင်းဖတ်ရှု့ လေ့လာမှတ်သားသိရှိရပါသည်။ ပင်စိမ်းပင်ကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် တစ်စီး လျှင်(၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံ မှသိရှိရသည်။

DOCA(မန္တလေး)