ပဲသီးတောင့်ရှည်၏ကျန်းမာရေးအကျိုးပြုပုံ

Powered by Drupal
Fri, 10/17/2025 - 15:04 -- consumer_admin

   ပဲသီးတောင့်သည်ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပဲသီးတောင့်ရှည်တွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် မဂ္ဂနိစ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည့် အတွက် ပဲသီးကိုအားအင်ပြည့်ဝစေသောအစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။ ပဲသီးတောင့်ရှည် ကို စားသုံးပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေကာ နှလုံးသွေး ကြောနှင့် ဆိုင်သော ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါ၊ အဆစ်ရောင် ဝေဒနာရောဂါ၊ အရိုးပါးရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်း ရောဂါများ မဖြစ်အောင် လည်းကာကွယ်ပေးပါသည်။ ပဲသီးတွင်ပါဝင်သော သဘာဝဗီတာမင်စီ သည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးဆက် လွယ်သော အအေးမိခြင်း၊ တုပ်ကွေး ဖြစ်ခြင်း၊ ရာသီဖျားနာခြင်းတို့မှလည်းကာကွယ် ပေးနိုင်သည်။ ဗီတာမင်အေ ပါဝင်သောကြောင့် မျက်စိရောဂါအမျိုးမျိုးအတွက် လွန်စွာဆေးဖက် ဝင်သည်။ နာတာရှည်သွေးအားနည်းရောဂါရှိသူ များအနေဖြင့်လည်း သံဓာတ်ပါဝင်မှုများသော ပဲသီးကို မကြာခဏစားသုံးပေးသင့်ပါသည်။  စားသုံးသူများအတွက် ဘက်ပေါင်းစုံမှဆေးဖက် ဝင်ပြီး  ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်ကာ အာဟာရလည်း ဖြစ်စေသော ပဲတောင့်ရှည်ကို မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင် တစ်ပိဿာလျှင်(၄၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)