
ကြောင်လျှာရွက်၏နုနယ်သောအညွန့်များကို ဟင်းချိုချက်ခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးခြင်း၊ ငပိရည်နှင့်တို့စားခြင်းတို့ဖြင့် သွေးတွင်းကိုယ်လက်စထရောကို ကျဆင်းစေနိုင်ပါ သည်။ ကြောင်လျှာရွက်စားသုံးလျှင်ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ အဖျား ပျောက်စေခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းရှိအမြှေးရောင်ရမ်းခြင်းများကို သက်သာစေ နိုင် ခြင်း၊ သွေးကိုသန့်စင်စေပြီး သွေးလည်ပတ်မှုကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိဆဲလ်အမျိုးမျိုး ယိုယွင်းမှုကိုနှေးကွေးစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ ဗိုက်အောင့်ဗိုက်နာရောဂါများကို သက်သာစေခြင်း၊ အစာစားချင်စိတ်ကိုတိုးစေခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုကိုသက်သာ စေခြင်း စသည့် ကျန်းမာရေးကောင်းကျိုးများစွာရရှိနိုင်ကြောင်း ဆေးပညာစာပေများမှလေ့လာ မှတ်သားရပါသည်။
DOCA(မန္တလေး)