ဈေးနှုန်းကျဆင်းလာသော ရာသီ‌ပေါ်တည်သီး

Powered by Drupal
Fri, 10/17/2025 - 14:51 -- consumer_admin

    စားလိုက်ရင် ချိုချိုကြွပ်ကြွပ် လေးလေးပင်ပင်အရသာရှိသော တည်သီးများကို လူကြိုက်များ သောကြောင့် စားသုံးမှုများပြားပြီးဈေးကွက်၌ တွင်တွင်ကျယ်ကျယ် ရောင်းချလျက်ရှိကြောင်း၊  မြင်းခြံမြို့အတွင်းရှိ သစ်သီးမျိုးစုံရောင်းချသောဆိုင်များတွင် တည်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် တည်သီး ၅၀ ကျပ်သားလျှင် (၃၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချကြောင်း၊ ဩဂုတ်လတတိယပတ်တွင် တည်သီး ၅၀ ကျပ်သားလျှင် (၄၀၀၀) ကျပ်၊ တည်သီးတစ်ပိဿာလျှင် (၇၅၀၀) ကျပ်ပေါက်ဈေးများ ဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်း ယှဉ်ပါက  ယခင်လထက် ယခုလတွင်တည်သီး  ၅၀ ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဈေးကွက်တွင်ရာသီပေါ် တည်သီးများပေါများစွာ ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းခြင်းဖြစ်ကြောင်း၊ လူကြိုက်များ၍ အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ် (၁၀-၂၀) ပိဿာခန့်ရောင်းချရကြောင်း၊ စားသုံးမှုများ၍ အ‌ရောင်းအဝယ်ကောင်းကြောင်း သစ်သီးရောင်းချသူ၏ ပြောပြ ချက်အရသိရှိရသည်။

DOCA(မန္တလေး)