သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်သောရုံးပတီသီး

Powered by Drupal
Fri, 10/17/2025 - 14:03 -- consumer_admin

      ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ ရှိပြီး အသီးမှာပါသော Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှသကြားဓာတ်စုပ်ယူမှုကို ထိန်းသိမ်းပေး၍ သွေးတွင်းရှိသကြား ဓာတ်လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါသည်။ ရုံးပတီသီးမှာ အမျှင် ဓာတ်များစွာနဲ့ ပျစ်ချွဲရည်များပါဝင်ကြောင်း၊ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာ တွေကို ကြေညက်စေပြီး အစာမကြေတာကို သက်သာကာ ဝမ်းမှန်စေကြောင်း၊  ရုံးပတီသီးမှာပါသော Pectin ဆိုသည့် အမျှင်ဓာတ်ကြောင့် အူတွင်းရှိအညစ်အကြေးများ၏ ရွေ့လျားမှုကို အဆင် ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးကြောင်းသိရသည်။ ရုံးပတီးသီးသည် သဘောဝ ကပေးသော ဝမ်းမှန်ဆေးတစ်လက်ဖြစ်ပြီး ရုံးပတီသီးမှာပါဝင်သော ဖောလစ်ဓာတ်နဲ့ အာဟာရ တန်းဖိုးတွေသည် ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမက ကိုယ်ဝန်ပျက်ကျခြင်းကိုလည်း  တားဆီးပေးနိုင်ကြောင်း၊ ကလေးများ မွေးလာသည့်အခါ အာရုံကြောဆိုင်ရာချွတ်ယွင်းချက်များ ပါမလာအောင် တားဆီးကာကွယ်ပေး နိုင်ကြောင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ရုံးပတီးသီးကို ပုံမှန်စားသုံးပေးလျှင် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါကြောင်း လေ့လာသိရှိရသည်။

     ထို့အပြင် ရုံးပတီးသီးမှာပါသော ကယ်လ်စီယမ်၊ ဘီတာမင်ကေနဲ့ ဖော့လိတ်ဓာတ် တွေကြောင့် အရိုးတွေ ရဲ့သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာအရိုး ပွရောဂါမှ ကာကွယ်တားဆီး ပေးနိုင်ပါသည်။ ရုံးပတီသီးပင်၏အပွင့်နဲ့ အရွက်များကိုပြုတ် ပြီးသောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အဆုတ်ရောင်ရောဂါနဲ့ အအေးမိတုတ် ကွေးရောဂါတွေကို သက်သာစေနိုင်ပါကြောင်း တိုင်းရင်းဆေးဆရာတွေကဆိုကြပါသည်။ ရုံးပတီးမှာပါသော အင်တီအောက်စီဒန့်၊ ဘီတာမင်စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ဓာတ် တွေကြောင့် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ပါသည်။ ရုံးပတီးသီးမှာပါသော ဒြပ်ပေါင်းတွေ ကအပူဒဏ်ကြောင့်ဖြစ်စေတဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့်စိတ်ဓာတ်ကျခြင်းများ ကိုသက်သာစေပါသည်။

     ရုံးပတီသီးမှာပါသော အမျှင်ဓာတ်တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွား နှုန်းကိုလျော့ချပေးပါသည်။ ရုံးပတီးသီးမှာပါသော အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေ နိုင်သည့်ဆဲလ်များပြောင်းလဲမှုကို တားဆီကာကွယ်ပေးရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှကာကွယ်ပေးနိုင်ပါသည်။ ရုံးပတီးသီးမှာ ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး အမျှင်ဓာတ် များစွာပါဝင်ပါသည်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှကင်းဝေးစေပါသည်။ ရုံးပတီသီးမှာပါဝင်သော Pectin ဆိုတဲ့ အမျှင်ဓာတ် သည်ခန္ဓာကိုယ်တွင်းက မကောင်းတဲ့အဆီတွေကို ကျစေကာသွေးကြော ကျစ်မာခြင်း၊ သွေးတွင်း အဆီပိတ်ခြင်းတွေကို တားဆီးပေးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွား နှုန်းကို လျော့ကျစေနိုင်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)