ရွှေပဲသီး၏ကျန်းမာရေးအသုံးဝင်ပုံ

Powered by Drupal
Fri, 10/17/2025 - 14:01 -- consumer_admin

  ရွှေပဲသီးသည်အရသာချိုပြီး ကုန်းဘောင်ကြီးကြော်ခြင်း၊ အစိမ်းကြော်ခြင်းစသည့် ဟင်းလျာ များထဲတွင် ထည့်သွင်းချက်ပြုတ်ကြသည်။ ရွှေပဲသီးသည်စားလို့လည်းကောင်းသလို အာဟာရလည်း ပြည့်ဝပါသည်။ ရွှေပဲသီးတွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်ကေနှင့် သတ္ထုဓာတ်များစွာပါဝင်ပါသည်။ အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့် အစာခြေစနစ်ကို ကူညီပေးနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ အစာခြေ လွယ် ပြီးဝိတ်ထိန်းနိုင်ခြင်း၊ ကယ်လ်လိုရီနည်းပါးစွာပါဝင်သောကြောင့် ဝိတ်မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချိုစသည့် ကျန်းမာရေးဆိုးကျိုးများမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါသည်။ ရွှေပဲသီးတွင် အဆီပါဝင်ခြင်း မရှိဘဲဖောလိတ်ဓာတ်ပါဝင်ခြင်းကြောင့် နှလုံးနှင့်ပတ်သတ် သောရောဂါများ မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း၊ ဗီတာမင်စီပါဝင်သောကြောင့်အအေးမိ တုတ်ကွေးအပြင် ကူးစက်ရောဂါများမှလည်း ကာကွယ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွား မှုကိုလျော့ကျစေခြင်း၊ အရိုးများကိုကျန်းမာစေခြင်း၊ ဗီတာမင်ကေနှင့် သံဓာတ်ပါဝင်သောကြောင့် သွေးအားနည်းခြင်းရောဂါများမှ ကာကွယ်ပေးနိုင် ကြောင်းဆေးပညာ စာပေများမှ လေ့လာ မှတ်သားရပါသည်။

DOCA(မန္တလေး)