မန်ကျည်းသီးမှည့်ဆေးဖက်ဝင်ပုံနှင့်ဘေးထွက်ဆိုးကျိုး

Powered by Drupal
Fri, 10/17/2025 - 12:36 -- consumer_admin

   မန်းကျည်းသီးမှည့်သည် အမျှင်ဓာတ်ကြွယ်ဝသောကြောင့် ဝမ်းမှန်စေပြီးအစာအိမ်နှင့် အူလမ်းကြောင်းကိုသန့်စင်ပေးခြင်း၊ အသည်း၊ အူမကြီးနှင့် အခြားအစာခြေ အင်္ဂါအစိတ် အပိုင်းတွေကို ကျန်းမာစေခြင်း၊ မန်ကျည်းသီးကိုနေ့စဉ်စားသုံးပေးခြင်းဖြင့် အစာခြေစနစ် ကိုတိုးတက် ကောင်းမွန်စေခြင်း၊ သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ အာရုံကြောတွေကိုတိုးတက်ကောင်းမွန်စေသည့် သဘာဝအစားအစာ ဖြစ်ခြင်း၊ ဆီးချိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးခြင်း၊ သွေးသန့်စေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ဝက်ခြံကုသပေးနိုင်ခြင်း၊ ဝမ်းတွင်းအေးစေသည့် အာနိသင်ရှိခြင်းတို့ ဖြစ်သည်။ မန်ကျည်းသီးနှင့် ဓာတ်မတည့်သူများမစားသင့်ခြင်း၊ အက်ဆစ်ဓာတ်ပါဝင်သော ကြောင့် အလွန်အကျွံစားသုံးပါက သွားကြွေလွှာကိုပျက်စီးစေနိုင်ခြင်း၊ သည်းခြေကျောက်တည် ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ သွေးအားနည်းစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပြီးသွေးချိုထိန်းညှိမှုကို အနှောက်အယှက်ဖြစ်စေနိုင်သောကြောင့်ဆီးချိုရောဂါရှိသူ တွေအနေနှင့်သွေးတွင်းသကြားဓာတ်ကို သေချာစောင့်ကြည့်ပြီးမှသာ စားသုံးသင့်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)