
ချဉ်ပေါင်ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေရလွယ်သော အပင်ဖြစ်ကြောင်း၊ ချဉ်ပေါင်ရွက်ထဲတွင် အမိုင်နိုအက်ဆစ်များကြွယ်ဝစွာ ပါဝင်သောကြောင့် အူသိမ်၊ အူမနှင့် ဆီးလမ်းကြောင်းများကိုအားကောင်းစေပြီး ဆီးရွှင်၍ဝမ်းကိုလည်း ကောင်းကျိုးပြုကြောင်း၊ ဗီတာမင်စီနှင့် သတ္ထုဓာတ်တို့များစွာပါရှိသောကြောင့် ကိုယ်ခံအားကောင်းစေပြီး ဆဲလ်များသေဆုံး ခြင်းမှ ကာကွယ်၍သွားဖုံးနှင့် သွားတို့ကိုကျန်းမာစေပြီး အရွယ်တင်နုပျိုစေ၍ အဆုတ်ကိုကျန်းမာ စေပြီး အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုးကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်း၊ ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်ပေးကြောင်း၊ ကယ်ဆီယာမ်ဓာတ်များစွာပါဝင်သောကြောင့် အရိုးကိုသန်မာစေ၍ အာရုံကြောအဖွဲ့အစည်းများနှင့် ကြွက်သားများဖွဲ့စည်းမှုကို တိုးတက် ကောင်းမွန်စေကြောင်း သွေးကျဲခြင်းမှကာကယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်းနှင့် ထုံထိုင်းလေးလံခြင်းတို့ကို သက်သာပျောက်ကင်းစေ၍ ကလေးငယ်များဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာ ကွယ်ပေးကြောင်း၊ ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးကြောင်း၊ ချဉ်ပေါင်ဖူး ဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းပြီး လူကိုလန်းဆန်း စေကြောင်း၊ ကိုယ်အလေးချိန်ကျချင်သူများအတွက် ချဉ်ပေါင်ရွက်လက်ဖက်ရည်ကြမ်းကို သောက် သုံးခြင်းဖြင့် ကိုလက်စထရောကိုကျစေပြီး သွေးလည်ပတ်နှုန်းကို ကောင်းစေကြောင်း၊ သွေးတိုး ရောဂါရှိသူများ သွေးပေါင်ချိန်တက်နိုင်သဖြင့် အလွန်အကျွံမစားသင့်ကြောင်း စာပေများမှ လေ့လာဖတ်ရှု့ သိရှိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင် ချဉ်ပေါင်ရွက် ဆယ်စည်းလျှင် (၅၀၀) ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်းသိရှိရသည်။ ထိုသို့ဆယ့်နှစ်လရာသီ အလွယ်တကူ ရရှိနိုင် သောချဉ်ပေါင်ရွက်သည် ဘေးထွက်ဆိုးကျိုးနဲပါးပြီး ဈေးနှုန်းလည်းမကြီးသောကြောင့် အစာ လည်းဆေး ဆေးလည်းအစာအဖြစ် စားသုံးသင့်ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)