ကျန်းမာရေးကောင်းစေတဲ့ ထောပတ်သီးဈေးကွက်

Powered by Drupal
Fri, 10/17/2025 - 12:00 -- consumer_admin

   မြန်မာနိုင်ငံအနှံ့ စိုက်ပျိုးသည့် အသီးအနှံများအနက် ထောပတ်သီးသည် ကျန်းမာရေးအတွက် အဓိက အကျိုးကျေးဇူးများပေးနိုင်သည့် အသီးအနှံတစ်မျိုးဖြစ်သည်။ အာဟာရပိုင်းအနေဖြင့် အိုမင်းဆန့်ကျင် ပစ္စည်းများ၊ ဗီတာမင် A၊ C နှင့် အစာချေစေသော အင်ဇိုင်းများ ထောပတ်သီးတွင် များစွာပါဝင်သဖြင့် ကျန်းမာရေးအားကောင်းစေသော သစ်သီးအဖြစ် လူကြိုက်များသည်။ ထောပတ်သီးကို ပြည်ပဈေးကွက် သို့လည်း ထုတ်လုပ်တင်ပို့နေပြီး အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ဝယ်ယူမှု တဖြည်းဖြည်း တိုးလာနေသည်ဟု ကုန်သွယ်ရေးလုပ်ငန်းရှင်များက ဖော်ပြထားသည်။ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးကွက်တိုးတက်မှုများကြောင့် ထောပတ်သီးသည် နိုင်ငံအတွင်း အသုံးဝင်သည့် သစ်သီးအဖြစ်သာမက တင်ပို့နိုင်သည့် အစီးအပွားရှိသည့် သစ်သီးအမျိုးအစား တစ်ခုအဖြစ်လည်း တိုးတက်လာမည်ဟု လက်ရှိ (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း) မန္တလေးဈေးကွက်များတွင် ထောပတ်သီးတစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချနေကြပြီး သီးအရွယ်အစား၊ အရည်အသွေးအလိုက် ဈေးကွာခြားမှုရှိနေသည်။ ကုန်သည်များအဆိုအရ မိုးရာသီကာလအတွင်း ထောပတ်သီးထွက်အား တချို့ဒေသများတွင် နည်းသဖြင့် ဈေးနှုန်းတိုးလာသည်တွေ့ရသည်။ စိုက်ပျိုးရေးပညာရှင်များကလည်း လိုအပ်ချက် တိုးလာနေသည့် ဈေးကွက်အတွက် အရည်အသွေးပြည့်မီ ထောပတ်သီးစိုက်ပျိုးမှုကို ပိုမိုကျယ်ပြန့်စေရန် လိုအပ်ကြောင်း အဆိုပြုထားသည်။

DOCA(မန္တလေး)