ကြောင်လျှာရွက်နု၏အသုံးဝင်ပုံ

Powered by Drupal
Tue, 10/14/2025 - 15:36 -- consumer_admin

    ကြောင်လျှာပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ‌ပေါက်ရောက်သော အပင်မြင့်မျိုး ဖြစ်ကြောင်း၊ ကြောင်လျှာရွက်၏နုနယ်သောအညွှန့်များသည် သွေးတွင်းကိုလက်စထ‌ရောကို လျော့ချပေးနိုင်ကြောင်း၊ အရွက်နုကိုစားသုံးခြင်းဖြင့် အဖျားပျောက်စေခြင်း၊ နှာခေါင်းလမ်းကြောင်းအတွင်း အမြှေးရောင်ရမ်းခြင်းကို သက်သာစေကြောင်း၊ သွေးကိုသန့်စင်စေပြီး သွေးလှည့်ပတ်မှုကိုကောင်းစေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ ဆဲအမျိုးမျိုးယိုယွင်းမှုကိုနှေးကွေးစေခြင်း၊ မျက်စိအား ကောင်းစေခြင်း၊ ဝမ်းဗိုက်အတွင်း လေထိုးလေအောင့်များကိုသက်သာစေခြင်း၊ အစာစားချင်စိတ်ကို တိုးစေခြင်း၊ ခြေလက်အဆစ်အမြစ်ကိုက်ခဲခြင်းများကိုသက်သာကြောင်း၊ အရွက်ကိုပြုတ်ပြီး သောက်ရင် ဗိုက်အောင့်တာကိုသက်သာစေ၍ အစာကြေစေပြီး အစာစားချင်စိတ်ကို ဖြစ်စေကြောင်း၊ အူထဲက လေထိုးလေအောင့်တာများကို သက်သာစေကြောင်း ဖတ်ရှု့သိရှိရသည်။  ကြောင်လျှာရွက်၏ နုနယ်တဲ့အညွှန့်များကို ဟင်းချိုချက်စားခြင်း၊ အတို့အမြှပ် အဖြစ်ငါးပိရည်နှင့်စားခြင်း၊ ကြောင် လျှာသီးများကိုကြော်ချက်စားခြင်း၊ ကြောင်လျှာသီးအစိမ်းကို ကြက်သွန်နီဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ပဲကျက်မှုံတို့ဖြင့်သုပ်စားခြင်း၊ အသီးကိုချဉ်ဖတ်လုပ်စားရင်လည်း အရမ်းအရသာရ၍ စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားကြကြောင်း သိရှိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင်ရောင်းချနေသောကြောင်လျှာရွက်နု တစ်စီးလျှင် (၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)