ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများလာရောက်မှုများပြား

Powered by Drupal
Tue, 10/14/2025 - 15:30 -- consumer_admin

     ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)တွင် မြန်မာ နိုင်ငံအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများလာရောက်ကြသဖြင့် ဘုရားပုထိုးစေတီများတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါသည်။

          ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရားများဖြစ်သည့် တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ သဗ္ဗညုဘုရား၊ ငှစ်ပစ်တောင်ဘုရား၊ မဟာဗောဓိဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြဿဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်စေတီ၊ မနုဟာဘုရား၊ မြစေတီ စသည့်ဘုရားများတွင်သာမက ရှင်အဇ္ဇဂေါဏဘုရား၊ ဝိနည်းဓိုလ်ဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ ဆင်ဖြူရှင်အုဠ်ကျောင်းတိုက်၊ ရင်မနားဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ ခေမင်္ဂဘုရားစု၊ ဝတ္တနထော ဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရား၊ တာမဏိဆုတောင်းပြည့်ဘုရား၊ မလုံးဖြစ်၊မလာဖြစ်ဘုရားတို့တွင်လည်း ဘုရားဖူးလာရောက်သူများ စည်းကားလျက်ရှိနေကြောင်း သိရသည်။ ဘုရားဖူးလာရောက်သူများသည် မြင်းလှည်းစီးခြင်း၊ လက်အလှပန်းချီဆွဲခြင်း၊ ရိုးရာသနပ်ခါးလိမ်းခြယ်ကြခြင်း၊ ပုဂံဒေသထွက် တူညီ ဝတ်စုံများဝယ်ဝတ်၍ ဘုရားဖူးများထွက်ခြင်းကြောင့် အီးဗိုက်အငှားလိုက်သူများ၊ မီနီအိုးဝေအငှား လိုက်သူများ၊ ဧည့်ကားအငှားလိုက်သူများ၊ မြင်းလှည်းသမားများ၊ စားသောက်ဆိုင်များ၊ ဒေသထွက် ပစ္စည်းအရောင်းဆိုင်များ ဝင်ငွေတွက်ခြေကိုက်လျက်ရှိပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများလည်း တည်းခိုသူများပြားလျက်ရှိနေကာ တော်သလင်းလပြည့်နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)