ကင်ပွန်းချဉ်အကြောင်း တစေ့တစောင်း

Powered by Drupal
Fri, 10/10/2025 - 12:42 -- consumer_admin

     မြန်မာလူမျိုးများ အလွန်နှစ်သက်သော အပင်ငယ်များရှိပါသည်။ထိုအပင်ငယ်များတွင် ထမင်းကို အလွန် မြိန်စေတက် ကင်ပွန်းချဉ်ကို မကြိုက်သူမရှိသလောက်ပါ။ ကင်ပွန်းချဉ်ရွက်ကို ကြော်ချက်အဖြစ်လည်းကောင်း၊ ဟင်းချိုအဖြစ်လည်းကောင်း ချက်ပြုတ်စားကြပါသည်။ ကင်ပွန်းသီးကို တရော်နှင့်တွဲပြီး ခေါင်းလျှော်ရည်အဖြစ်အသုံးပြုုကြပါသည်။ ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့ ဆေးကြောနိုင်တဲ့ အာနိသင်လည်းရှိပါသည်။ ကင်ပွန်းချဉ်သည် အသည်းအတွက် အလွန်အသုံးဝင်ပြီး၊ အရေပြားရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည့်အတွက် စားသုံးသင့်သည့် အစားအစာ ဖြစ်ပါသည်။ ကင်ပွန်းချဉ်ကို ဈေးများတွင် ဝယ်ယူရရှိပြီး ကင်ပွန်းချဉ်ရွက် (၁) စည်းလျှင် (၃၀၀) ကျပ်ဖြစ်ပြီး၊ (၂) စည်းလျှင် (၅၀၀) ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)