ဆေးဖက်ဝင်စေသည့် မုန်လာဉဖြူပင်

Powered by Drupal
Wed, 10/08/2025 - 10:25 -- consumer_admin

   မုန်လာဥဖြူကို မုန်လာဥဟု အလွယ်ခေါ်ကြသည်။ မုန်လာဥဖြူကို အင်္ဂလိပ်လို Daikon Radish Radish (Mooli) ဟုခေါ်ပြီး ရုက္ခဗေဒအရ Raph- anus sativus ဟုခေါ်သည်။ မုန်လာဥဖြူပေါက် ရောက်ရာ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံ၌ ရှေးနှစ်ပေါင်း များစွာကတည်းက စတင် စိုက်ပျိုး လာခဲ့ရာမှ အီဂျစ်နှင့် ဂရိနိုင်ငံတို့သို့ ကုန် သွယ်ဖောက်ကား လာခဲ့ကြပြီး ထိုမှတစ်ဆင့် ကမ္ဘာ့ နိုင်ငံများ၌ မုန်လာဥဖြူစားသုံးသောဓလေ့ ဖြစ်ထွန်းလာသည်။ ဆောင်းရာသီ သီးနှံထဲတွင်ပါဝင်ပြီး မိုးတွင်းတွင် စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥ လောက် မကြီးထွားပေ။

     ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင် မုန်လာဥသည် စပ်သည်။ ပွသည်။ ကြေလွယ်သည်။ အစာကိုကြေစေ တတ်သည်။ အဖျားနာ၊ ပန်းနာ၊ နှာခေါင်းနာ၊ လည် ချောင်းနာ၊ မျက်စိနာ တို့ကိုနိုင်သည်။ မုန်လာရွက် သည် အဆီမရှိ၊ ကြေကျက်ရန်လွယ်ကူသည်။ ပူသည်။ သလိပ်၊ သည်းခြေနာတို့ကိုနိုင်သည်။ အစာကို ကြေစေသည်။ ဆီဖြင့်ချက်ပါက ဒေါသသုံးပါးစလုံးကို နိုင်သည်။ အစိမ်းဖြစ်ပါက သလိပ်၊ သည်းခြေတို့ကို ပျက်စေတတ်သည်ဟု ဆိုထားသည်။

   မြန်မာ့ဆေးကျမ်း အကျော်အမော်များတွင် မုန်လာဥဖြူသည် ပူသောဓာတ်ရှိပြီး စပ်သောအရသာရှိ သဖြင့် နှုတ်ကိုမြိန်စေတတ်သည်။ ဖျားခြင်း၊ လည် ချောင်းနာခြင်းနှင့် မျက်စိနာခြင်းတို့ကို ပျောက်ကင်း စေသည်။ မုန်လာရွက်သည် ကြေလွယ်၊ ကျက်လွယ် ပြီး အဆီမရှိ၊ ပူသောဓာတ်ရှိသည်။ သလိပ်နာနှင့် သည်းခြေနာတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆို ထားသည်။ ဒေသနာနယဆေးပညာအရ မုန်လာရွက်မျိုးစုံ သည် အပူအကြောင်းခံသော ရောဂါများ ပျောက်ကင်းစေသည့် အအေး (သီတ) ဓာတ်ဖြစ်သည်။ ဆီးများ၊ လေသက်စေသည်ဟု ဆိုထားသည်။

DOCA (ဧရာဝတီ)