ကြိုတင်ကာကွယ်သင့်သည့် အဝလွန်ရောဂါအကြောင်းသိကောင်းစရာ

Powered by Drupal
Wed, 10/08/2025 - 10:24 -- consumer_admin

   ဆယ်စုနှစ်များအတွင်း လူနေမှုပုံစံနှင့် အစား အသောက်ပြောင်းလဲလာမှုကြောင့် ကမ္ဘာတစ်ဝှမ်း အဝလွန်သူဦးရေ သိသိသာသာတိုးမြင့်လာပြီး အဝလွန်ခြင်း၏ နောက်ဆက်တွဲရောဂါများကြောင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် ကြီးမားသောဝန်ထုပ်ဝန် ပိုးဖြစ်လာသည်ကို တွေ့ရသည်။ World Obesity Atlas 2023 အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ၃၈ ရာခိုင်နှုန်းသည် BMI (Body Mass Index) အညွှန်း ကိန်း ၂၅ နှင့်အထက်ရှိပြီး ပုံမှန်ထက် ကိုယ်အလေး ချိန်တိုး၍ ဝနေကြကြောင်း သိရပါသည်။

   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ခန့်မှန်းချက် အရ ၂၀၃၅ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဝလွန်သူ ဦးရေ ၁ ဒသမ ၉ ဘီလီယံရှိလာနိုင်ပြီး လေးဦးတွင် တစ်ဦးသည် အဝလွန်နေမည်ဟု ခန့်မှန်းထားသည်။ ၂ဝ၂ဝ ပြည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၃၅ ခုနှစ်တွင် အဝလွန်သောကလေးဦးရေ နှစ်ဆကျော်တိုးလာမည် ဟု ခန့်မှန်းထားသည်။ ကလေးများနှင့် ဆယ်ကျော် သက်များတွင် အဝလွန်မှုအဖြစ်များလာခြင်းသည် ၂ဝ၂ဝ ပြည့်နှစ်မှ ၂၀၃၅ ခုနှစ်အတွင်း အမြင့်မားဆုံး ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဝလွန်ရောဂါ၏ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်သော သွေးချို၊ ဆီးချိုရောဂါသည် ကမ္ဘာတစ်ဝှမ်း အရွယ်ရောက်ပြီး သူ သန်း ၅၃ဝ ကျော်အပေါ် သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)