ပဲပုတ်စေ့ ပဲပုတ်ဆီနှင့် ကျန်းမာရေး

Powered by Drupal
Wed, 10/08/2025 - 10:21 -- consumer_admin

ပဲပုပ်သည် နိုင်ငံတကာသုံး အစားအစာဖြစ်၍ Soybean၊ Soya Bean ဟု အမျိုးမျိုးခေါ်ကြသည်။ Fabaceae မျိုးရင်းဝင်ဖြစ်ပြီး ပဲပုပ်၏ သိပ္ပံအမည်မှာ Glycine Max ဖြစ်သည်။ ပဲပုပ်သည် အရသာ ကောင်းပြီး စားသုံးမှုများသော သီးနှံတစ်မျိုးဖြစ်သည်။ လေ့လာမှု မှတ်တမ်းများအရ ပဲပုပ်သည် ကမ္ဘာ့အရေးကြီးဆုံး သီးနှံ ၁၀ မျိုးထဲတွင် နံပါတ်(၆) စာရင်းဝင်သော သီးနှံဖြစ်ကြောင်းနှင့် ကမ္ဘာ့ အရေးကြီးဆုံး သီးနှံ ၁၀ မျိုးမှာ ပြောင်း၊ ဂျုံ၊ ဆန်၊ အာလူး၊ ပီလောပီနံ၊ ပဲပုပ်၊ ကန်စွန်းဥ၊ နှံစားပြောင်း၊ ဝဥနှင့် Plantain (ခေါ်) ချက်စားရသော ငှက်ပျောသီးတစ်မျိုးဖြစ်ကြောင်း သိရသည်။

          မြန်မာနိုင်ငံ၌ ပဲပုပ်ကို မည်သည့်ခုနှစ်တွင် စတင် စိုက်ပျိုးခဲ့သည်ကို သီးနှံသမိုင်းတွင် မတွေ့ ရသော်လည်း တရုတ်နိုင်ငံ၏ ရှေးဟောင်းစာပေများတွင် ပဲပုပ်ပင် အမြောက်အမြား စိုက်ပျိုး၍ အလွန်အဖိုးထိုက်တန် သော အစားအစာတစ်ခုအဖြစ် လူတို့စားသုံးခဲ့ကြောင်း ရေးသား ဖော်ပြထားသည်ကို လေ့လာ မှတ်သား ရသည်။ ပဲပုပ်တွင် အရောင်အသွေးအမျိုးမျိုးရှိရာ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်နှင့် အစိမ်းရောင်ရှိသော မျိုးများမှာ လူသိအများဆုံးဖြစ်ပြီး အထူးသဖြင့် အဝါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှုပိုများသည်။

          ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသော အစား အစာ တစ်မျိုးဖြစ် သောကြောင့် ရှမ်းရိုးရာအစားအစာ(ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်း ရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံး လာကြသည်။ ပဲပုပ်အမျိုးမျိုးရှိသည့်အနက် အဝါရောင်ပဲပုပ်မျိုးသည် ပိုမွှေး၊ ပိုဆိမ့်ကာ အရသာ ထူးသဖြင့် ရှမ်းပြည်နယ်၌ ၁၉၅၅ ခုနှစ်က အထူး တလည် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း လေ့လာ မှတ်သားရသည်။ ပဲပုပ်ကို အချပ်လိုက် အခြောက်လှန်း ထားသော ပဲပုပ်ချပ်အချို သို့မဟုတ် ပဲပုပ်ချပ်အစပ်အဖြစ်လည်း ကောင်း၊ ခပ်ပျော့ပျော့ ပဲငါးပိအဖြစ် လည်းကောင်း ဝယ်ယူရရှိ နိုင်သည်။

DOCA (ဧရာဝတီ)