
ကမ္ဘာတစ်ဝန်းတွင် ရေမှလွဲ၍လူကြိုက်အများဆုံး သောက်စရာမှာ လက်ဖက်ခြောက် အရည် (မြန်မာ့ ဓလေ့ရိုးရာအမည် ရေနွေးကြမ်း) ဖြစ်ပါသည်။ လူတို့သည် နှစ်ပေါင်း ၅ဝဝဝ နီးပါး ရေနွေးကြမ်းကို သောက် သုံးခဲ့ကြပြီး လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံ နှစ်ပုံက သောက်သုံးလျက်ရှိပါသည်။ ရှေးခေတ်ကတည်းက ရေနွေးကြမ်း၊ အထူးသဖြင့် လက်ဖက်စိမ်း ရည်ကို တရုတ်တိုင်းရင်းဆေးပညာက ကျန်းမာရေးနှင့် ညီညွတ်သောဖျော်ရည်အဖြစ် သတ်မှတ်ခဲ့ ကြပါသည်။ မြန်မာနိုင်ငံ၌ ရေနွေးကြမ်း သောက်သုံးခြင်းသည် အလောင်းစည်သူမင်း လက်ထက် ကစ၍ ခေတ်အဆက် ဆက်အရေးပါသည့် ဓလေ့ထုံးတမ်းအဖြစ် တည်ရှိခဲ့ကြောင်း တွေ့ရှိရသည်။
ရေနွေးကြမ်းသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာကိုပေးစွမ်းနိုင်သောကြောင့် မျက်မှောက်ခေတ်တွင် လူတို့၏ အာရုံစူးစိုက်မှုတိုးမြင့်လာသော စိတ်အပန်းပြေစေသည့် ဖျော်ရည် တစ်မျိုးဖြစ်ပါသည်။ ကော်ဖီထက် ကဖိန်းနှင့် ကယ်လိုရီနည်းပြီး အရသာရှိသော အချိုမပါသည့် ဖျော်ရည်ကို ရှာဖွေနေပါက ရေနွေးကြမ်းသည် ခန္ဓာကိုယ်အတွက် အကျိုးရှိသော ရွေးချယ်မှု တစ်ခုဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း ရေနွေးကြမ်းကို ချင့်ချိန်၍သောက်သုံးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိနိုင်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်
DOCA (ဧရာဝတီ)