ကလေးငယ်နှင့်သွားတိုက်ချိန်

Powered by Drupal
Wed, 10/08/2025 - 10:17 -- consumer_admin

   ကလေးတွေ ဘယ်အချိန်သွားတိုက်မလဲ။ ကလေး ခြောက်လမှာ သွားငုတ်တုတ်၊ လူငုတ်တုတ်၊ သွား စပြီးပေါက်တယ်။ ရှေ့သွားတွေ အရင်စပေါက်ပါတယ်။ ကလေးအသက် သုံးနှစ်မှာ သွားတွေစုံပါတယ်။ ကလေးအသက်ခြောက်နှစ်လောက်မှာ ငယ်သွားလဲပြီး အသက် ၁၃ နှစ်လောက်မှာ လူကြီး သွားစုံပါ တယ်။

          ငယ်သွားမလဲမီမှာ သွားပိုးစားတာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံးသွားတာကြောင့် ပြဿနာတွေရှိနိုင်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုရင် ကြီးသွားပေါက်ရင် မညီမညာနဲ့ စောင်းပြီးပေါက်တာတွေဖြစ် တတ်ပါတယ်။

          ကလေးသွား ပထမဆုံးစထွက်တဲ့အချိန်မှာ အစားအသောက်စားဖို့အရေးကြီးတယ်။ နောက်ပြီး ငယ်သွားတွေပေါက်ဖို့အတွက် နေရာဖန်တီးပေးရပါတယ်။ ငယ်သွားအစောဆုံး နုတ်လိုက်ရင် ကြီးသွားတွေ ပေါက် လာချိန်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ကြီးသွား ပေါက်နှေး တာ၊ ဘေးကသွားတွေ ရွေ့လာ တာမျိုး ဖြစ်နိုင်ပါတယ်။ ငယ်သွားရဲ့ရှေ့သွားတွေ နုတ်လိုက် ရတယ်ဆိုရင် နောက်ကအံသွားတွေက ရှေ့ကိုရွေ့လာပြီး ကြီးသွားပေါက်ဖို့ နေရာမရှိတော့ တာမျိုး ဖြစ်တတ် ပါတယ်။

          နောက်တစ်ခုက ငယ်သွားတွေက ကလေးရဲ့ မေးရိုးဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ တစ် ယောက်နဲ့ တစ်ယောက် မျက်နှာအနေအထား မတူကြပါဘူး။ တချို့က မေးရိုးအပြင်ထွက် နေတာရှိတယ်။ တချို့က မေးရိုးလှတယ်။ ဒါက ငယ်သွားလဲတာနဲ့ အများကြီးဆိုင်ပါတယ်။ ငယ်သွားတွေ စောစောစီးစီး ဆုံးရှုံးသွားရင် ဖွံ့ဖြိုးမှုနောက်ကျပြီး မေးရိုးက ကြီးသွားပေါက် တဲ့အခါ မလှတာမျိုးဖြစ်တတ်တယ်။ ငယ်သွားလဲတဲ့အခါ တချို့ငယ်သွားတွေက ခိုင်တယ်။ သွားဖုံးထဲမှာခိုင်ပြီး မကျိုးတာကြောင့် ကြီးသွား ပေါက်တဲ့အခါမှာ စောင်းတာ၊ ထပ်တာ တွေဖြစ်တတ်တယ်။ ငယ်သွားကို မဖြစ်မနေနုတ် ပေးသင့်ပါတယ်။ ကလေးတွေ သွားစပေါက် တဲ့အခါ လက္ခဏာ အမျိုးမျိုးတွေ့ ရတတ်ပါတယ်။ ဒါပေမဲ့ ကလေး တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ပုံမှန်ကတော့ ကလေးသွားစပေါက်ပြီဆိုရင် သွားဖုံးကနေ ထွက်ရမှာ ဖြစ်ပါတယ်။ ကလေးအတွက် ပထမဆုံး အတွေ့အကြုံတစ်ခု ဖြစ်တယ်။ ဒီလို သွားစထွက်တဲ့ အတွက် သူတို့မှာ နေထိုင်ရနည်းနည်းခက်စေပါတယ်။ ဒါကို လျှာနဲ့ ထိုးတဲ့အတွက် လျှာမှာအနာဖြစ်တာ၊ ပုံမှန် ထက်ပိုပြီး သွားရည်ကျတာ၊ သွားဖုံးယားတာ၊ တချို့ကလေး တွေမှာ သွားပေါက်တဲ့အတွက် ဖျားတာ၊ ဝမ်းလျှော တာတွေဖြစ်တတ်ပါတယ်။

DOCA (ဧရာဝတီ)