မိုးရာသီကျန်းမာရေးနှင့် ဆောင်ရန်ရှောင်ရန်အချက်များ

Powered by Drupal
Wed, 10/08/2025 - 10:15 -- consumer_admin

မိုးရာသီတွင် စိမ်းလန်းစိုပြည်ပြီး အေးမြ သောရာသီဥတုကြောင့် သက်သောင့် သက်သာနေထိုင်ရသော် လည်း   စိုစွတ် သောရာသီဥတု၊ မိုးသည်းထန်စွာရွာသွန်း ခြင်းနှင့် လေပြင်းများ တိုက်ခတ်ခြင်းတို့ကြောင့် ကူးစက်ရောဂါများ အလွယ်တကူ ကူးစက်နိုင်ပါသည်။ ခြင်များပေါက်ပွားလာ သောကြောင့် သွေးလွန် တုပ်ကွေး၊ ဆင် တုပ်ကွေးနှင့် ငှက်ဖျားရောဂါများ အဖြစ် များလာနိုင်သည်။ စိုစွတ်သောပတ်ဝန်း ကျင်တွင် ရောဂါပိုးများ ပိုမိုပွားများလာပြီး လေမှတစ်ဆင့်ကူးစက်တတ်သောရောဂါ များ၊ ဗက်တီးရီး ယား၊ ဗိုင်းရပ်စ်၊ မှိုပိုးကူး စက်မှုအန္တရာယ်နှင့် တခြားကူးစက်တတ် သောရောဂါများဖြစ်ပွားရန် နှစ်ဆ ပိုများပါသည်။

          အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဗက် တီးရီးယားနှင့် မသန့်ရှင်းသော အစားအစာများနှင့် ရေကြောင့် ဝမ်းပျက်၊ ဝမ်းလျှောနှင့် အစာအိမ်ပိုးဝင်ခြင်းတို့သည် အဖြစ်များသည်။ အသည်းရောင် အသားဝါ အေရောဂါ၊ လက်ပတိုစပိုင်ရိုးဆစ်ရောဂါ၊ တိုက်ဖွိုက်နှင့် ကာလဝမ်းရောဂါတို့သည် မသန့်ရှင်းသော ရေကြောင့်ဖြစ်ပွားရသည့် ကျန်းမာရေး ပြဿနာများဖြစ်သည်။ မိုးရာသီတွင် ဓာတ်မတည့်မှုဖြစ်နိုင် သည့် ဗက်တီးရီးယားများ တိုးပွားလာသောကြောင့် အရေပြားဓာတ် မတည့်ခြင်းနှင့် ယားယံခြင်းတို့ကို ခံစားရ နိုင်သည့်အချိန်ဖြစ်ပါသည်။

          မိုးတွင်းကာလတွင် လက်ပတိုစပိုင်ရိုး ဆစ်ရောဂါရှိသော တိရစ္ဆာန်များ (အထူးသဖြင့် ကြွက်၊ ခွေး) ၏ဆီးမှ ဗက်တီးရီးယားများသည်မြေဆီလွှာတွင်ရှိနေပြီး မိုးတွင်းကာလတွင် ပြန်လည်ရှင်သန်နိုင်သည်။   ရေလွှမ်းမိုးသည့်ဒေသများ တွင် ရောဂါပိုးရှိသော ရေများသည် လူတို့၏မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်များ အတွင်းသို့ ဝင်ရောက်ခြင်း၊ အနာ သို့မဟုတ် ပေါက်ပြဲနေသော အရေပြားနေရာများနှင့် တိုက်ရိုက် ထိတွေ့ခြင်းတို့ကြောင့်  ရောဂါ ဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သား ကိုက်ခဲခြင်း၊  အော့အန်ခြင်း၊  ဝမ်းလျှောခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်သည်။ ရောဂါ ပိုးပြင်း ထန်သောအခါ ကျောက်ကပ်၊ အသည်း၊ ဦးနှောက်အမြှေးပါးနှင့် အသက်ရှူလမ်းကြောင်း တို့ကို  ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရေလွှမ်းမိုးသော ဒေသများအတွင်း သွားလာရာတွင် ဘွတ်ဖိနပ်များ ဝတ်ဆင်ရန် အကြံပြုထားပါသည်။

DOCA (ဧရာဝတီ)