ကလေးများ ကာကွယ်ဆေးထိုးနှံသင့်သောအကြောင်းရင်း

Powered by Drupal
Wed, 10/08/2025 - 10:14 -- consumer_admin

   ကလေးများကို ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ် ရောင်၊  အသည်းရောင် အသားဝါ၊  ပိုလီယိုရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ရေကျောက်ရောဂါနှင့် ဝမ်းရောဂါစသည်တို့ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

          WHO နှင့် UNICEF တို့တိုက်တွန်းချက်အရ ကမ္ဘာတစ်ဝန်း ကလေးများအတွက် ဝက်သက်ရောဂါလွှမ်းခြုံမှုသည် ၂၀၂၁ ခုနှစ်က ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပိုလီယိုရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ကလေးများ ရှိကြောင်း၊ မျိုးဆက်တစ်ခု တွင် ကလေးများ၏ ကာကွယ်ဆေးထိုးနှံမှု အကြီးမားဆုံးကျဆင်းမှုကို တွေ့မြင်ရကြောင်းနှင့် ကြီးထွားလာသော  ကာကွယ်ဆေးထိုးနှံမှု  ကွာဟချက်နှင့် အတူ ငတ်မွတ်မှုအကျပ်အတည်း၏  ပေါင်းစည်းမှုသည် ကလေးများရှင်သန်မှုအခြေအနေများကို ဖန်တီးရန် ခြိမ်းခြောက်နေကြောင်း UNICEF က သတိပေး ထားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါစီမံချက်ရေးဆွဲခြင်းနှင့် ကိုင်တွယ် ဖြေရှင်းခြင်းသည် အဆုတ်ရောင် ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောကဲ့သို့ ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံခြင်းနှင့်လည်း လက်တွဲ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

DOCA (ဧရာဝတီ)