ကံ့ကော်ပင်အကြောင်း သိကောင်းစရာ

Powered by Drupal
Fri, 10/03/2025 - 11:21 -- consumer_admin

ကံ့ကော်ပင်ဟာဆိုရင် ကြီးထွားမှုနှေးကွေးပြီး ၎င်းရဲ့ လေးလံမှုနဲ့  မာကျောမှုတို့ကြောင့် iron wood (သံကဲ့သို့ မာတဲ့သစ်သား) ဆိုပြီး တင်စားခေါ်ဆိုကြပါတယ်။ ကံ့ကော်ပင်ဟာ ၎င်းရဲ့ လှပတဲ့ပုံသဏ္ဍာန်၊ စိမ်းလန်းတဲ့အရွက်နဲ့ မွှေးပျံ့တဲ့အဖြူရောင်ပန်းပွင့်များကြောင့် အလှစိုက်ပင်အဖြစ်နဲ့ စိုက်ပျိုးကြတာဖြစ်ပါ တယ်။ အပူပိုင်းနဲ့ စိုစွတ်တဲ့ရာသီဥတု ကိုနှစ်သက်ပြီး ကံ့ကော်ပင်ရဲ့ မူရင်းဒေသတွေကတော့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမားတြားဒေသတို့ပဲ ဖြစ်ပါတယ်။

ပိတောက်ပင်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံအထိမ်းအမှတ်သစ်ပင်ဖြစ်သလို ကံ့ကော်ပင်ဟာဆိုရင်လည်း သီရိလင်္ကာနိုင်ငံ ရဲ့ အထိမ်းအမှတ်သစ်ပင် (National Tree) ဖြစ်ပါတယ်။ မြေဆီသြဇာထက်သန်ပြီး ရေစိမ့်ဝင်မှု အားကောင်းတဲ့မြေ၊ မာကြော ပြီး ရွှံ့စေးဆန်တဲ့မြေကို နှစ်သက်ပါတယ်။ မြေနိမ့်ပိုင်းဒေသတွေမှာ စိုက်ပျိုးဖို့တော့ မသင့်တော်ပါဘူး။ ကံ့ကော်ပင် ဟာဆိုရင် နှင်းခဲတဲ့ဒဏ်နဲ့ မိုးခေါင်တဲ့ဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။     အစေ့ကနေ ပေါက်တဲ့ ပျိုးပင်တွေဟာဆိုရင် စိုက်ပျိုးမယ့် အချိန်မှာ အပင်အမြင့် ၄၅ - ၅၀ စင်တီမီတာ (၁၇ - ၁၉ လက်မ) ရှိနေရင် သင့်တော်ပါတယ်။ ကံ့ကော်ပင်ဟာ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းမျိုးပွားပြီး ပေါပေါများများပေါက်ရောက်တာတွေ့ရပါတယ်။ ကံကော်ပင်ကို သဘာဝအတိုင်း မျိုးစေ့ကနေ စိုက်ပျိုးမယ်ဆိုရင် ပန်းပွင့်ဖို့အတွက် အချိန်တော်တော်ကြာကြာ စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် မှာတော့ အမြစ်တို့ပင်စည်တို့ကိုဖြတ်ပြီး အပင်ပိုင်းမျိုးပွားနည်းတွေနဲ့မျိုးပွားကာ အပင်ငယ်ငယ်လေးတွေနဲ့ ပန်းပွင့်တဲ့ ကံ့ကော်ပင်တွေကို အွန်လိုင်းမှာရော အပြင်မှာပါ ရောင်းချနေကြပြီဖြစ်ပါတယ်။ ကံ့ကော်ပင်ရဲ့ အပွင့်နဲ့ အသီးတွေဟာဆိုရင် ဆေးဘက်ဝင်ပြီး စီးပွားရေးအရလည်း အရေးပါပါတယ်။ ကံ့ကော်ပင်ကို  တစ်နိုင်တစ်ပိုင်ပဲ အလှစိုက်ပျိုးမယ် ဆိုရင်တော့ အပင်ပေါက်တွေကို တစ်ပင်နဲ့ တစ်ပင် ပေ ၂၀ မှ ၂၅ ပေ ခွာပြီး စိုက်ပျိုးသင့်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးမယ် ဆိုရင်တော့ မြေကိုထွန်ယက်ပြီး သဘာဝမြေသြဇာများ ကြိုတင်ထည့်ထားရမှာဖြစ်ပါတယ်။ ပေါင်းမြက်ကင်းစင်တဲ့မြေ ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ပြီးရင်တော့ အထက်မှာဖော်ပြခဲ့သလို နှစ်သားအရွယ် ပျိုးပင် (အပင်အမြင့် ၁၇ - ၁၉ လက်မ) ကို ၁၆ ပေပတ်လည်နဲ့ စိုက်ပျိုးနိုင်ပါတယ်။  ကံ့ကော်ပင် စိုက်ပျိုးထားတဲ့ ပထမ - နှစ်အတွင်းမှာဆိုရင် အပိုဝင်ငွေရရှိအောင် ချင်း၊ နနွင်း၊ ရှားစောင်းလက်ပက်နဲ့ နာနတ်တို့လို အပင်မျိုးတွေနဲ့ သီးရောစိုက်ပျိုးမယ်ဆိုရင် ပိုကောင်းပါတယ်။ ကံ့ကော်ပင်ဟာ အကြမ်းခံတာမို့ ပြုစုစောင့်ရှောက်ရတာလည်း နည်းပါတယ်။ စိုက်ပျိုးပြီး ပထမနှစ်အတွင်း မိုးရာသီရောက်တဲ့အခါမှာ ကွန်ပေါင်းမြေသြဇာကို ပင်လျှင် ပိဿာနှုန်းနဲ့ ထည့်ပေးသင့်ပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မျိုးမှာတော့ ၁၅ ရက် ကြိမ်လောက် ရေပေးဖို့လိုအပ်ပါတယ်။ ထူးထူးခြားခြား ပိုးမွှားရောဂါကျရောက်တာမျိုး မရှိတာကလည်း ကံ့ကော်ပင်ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ ကံ့ကော်ဟာ ပုံမှန်ဆိုရင် အပင်စိုက်ပျိုးပြီး နှစ်အကြာမှာ ပန်းပွင့်လေ့ရှိပါတယ်။ ယနေ့ခေတ်မှာတော့ ကိုင်းကူးဆက်ထားတဲ့ အပင်တွေရှိနေပြီဖြစ်တာကြောင့် ကံ့ကော်ပွင့်တွေကို တစ်နှစ်ပတ်လုံးနီးပါးတွေ့နေရပါတယ်။ ရေမြေဒေသနဲ့ မျိုးအပေါ်မူတည်ပြီး ပန်းပွင့်ချိန်ကတော့ ကွာခြားနိုင်ပါတယ်။ ကံ့ကော်ပင်ဟာဆိုရင် ဗမာတို့ရဲ့ နှစ်သစ်ကူးချိန် တန်ခူးလ (နွေရာသီ) မှာ ဝေဝေဆာဆာပွင့်လေ့ရှိကြပါတယ်။ 

 DOCA (ဧရာဝတီ)