မာလကာသီးရဲ့ ကျန်းမားရေးအကျိုးကျေးဇူးများ

Powered by Drupal
Fri, 10/03/2025 - 11:20 -- consumer_admin

   မာလကာသီး ဆိုရင် လူတွေရဲ့အိမ်ခြံဝင်းတွေထဲမှာ လွယ်ကူစွာ ပေါက်ရောက်သီးမှည့်နေကြတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အပင်ပေါ်မှာ အပြွတ်လိုက်အခိုင်လိုက်သီးမှည့် နေတတ်ကြပြီး အလွယ်တကူ ဆွတ်ခူးစားသုံးနိုင်တဲ့အသီး၊ ဈေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ အသီးတစ်မျိုးဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့ရဲ့အရသာကချိုချိုလေးနဲ့ စားလို့ကောင်းလွန်းသလို ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေလည်းရှိပါတယ်။

   မာလကာသီးဟာ niacin ဗီတာမင် C ဗီတာမင် A ၊ သံဓါတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်နဲ့ thiamine တို့ပါဝင်ပါတယ်။ မာလကာသီးက လေပွခြင်းကိုသက်သာစေပြီး အစာကြေလွယ်စေ၊ အရောင်ကျစေတဲ့ အပြင် ပဋိဇီဝပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။ မာလကာသီးက ဝက်ခြံပျောက်စေ၊ လိပ်ခေါင်းပျောက်စေ၊ ဆီးချို ဖြစ်နိုင်ခြေလျော့နည်းစေ၊ သန္ဓေရရှိနိုင်ခြေများစေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အချဉ်ပေါက် ခြင်းတို့လို အစာချေဖျက်မှုဆိုင်ရာပြဿနာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ မာလကာသီးရဲ့အခွံနဲ့အစေ့မှာ ရောင်ရမ်းမှုကိုလျော့ကျစေပါသည်။ ဒါ့အပြင် ဗိုက်ပြည့်စေတဲ့အသီးဖြစ်လို့ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ပေးပါတယ်။ အသီးထဲမှာ အစေ့သေးသေးလေးတွေ အများကြီးပါပေမယ့် အစာချေဖျက်နိုင်မှာမဟုတ်တာကြောင့် စားလို့မရဘဲ စွန့်ပစ်နေရပါတယ်။ မာလကာစေ့ကို ဒီအတိုင်းတော့ အသီးနဲ့အတူရောစားလို့မရပါဘူး။ အူအတက် ပေါက်မှာ စိုးရိမ်ရတာကြောင့် မစားရဲရင် ဖျော်ရည်မှာလိုမျိုး အသီးနဲ့အစေ့ကို ရောကြိတ်ပြီးစားနိုင်ပါတယ်။ မာလကာမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာသွေးဖိအားကို ကျစေတဲ့ ကျန်းမာရေး အကျိုး‌ကျေးဇူးရှိပါတယ်။ ဒီဓါတ်ပစ္စည်းနှစ်မျိုးလုံးကို မာလကာသီး အသားမှာရော၊ အစေ့မှာပါတွေ့ရနိုင်ပါတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က     ငှက်ပျောသီးမှာထက် ပိုတက်ဆီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပိုများပါတယ်။ ပိုတက်ဆီယမ်က သွေးနဲ့သွေးဖိအားကိုထိန်းညှိရာမှာအကျိုးပြုနိုင်ပြီး မာလကာသီးအစေ့က ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့bio-active ဒြပ်ပေါင်းတွေ ကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။ မာလကာစေ့တွေဟာ အမျှင်ဓါတ်လဲကြွယ်ဝတာကြောင့် အူအတွင်းသည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းမှ ကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။ သို့သော် မာလကာစေ့တွေဟာ ကျောက်ကပ်မှာ သွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် မလိုလားအပ်တဲ့အရာတွေမဖြစ်အောင် အတိုင်းအတာ တစ်ခုထိပဲ စားတာကောင်းပါတယ်။ ဒါကတော့ မာလကာသီးက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ကို မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

DOCA (ဧရာဝတီ)