
ဒန့်ဒလွန်ပင်ကို လူတိုင်းမြင်ဖူးကြပေမယ့် ဒန့်ဒလွန်ပင်၏ဆေးဖက်ဝင်ပုံကိုတော့ မသိကြပေ။ ဒန့်ဒလွန်ပင် သည် ၁၂ ရာသီလုံး စားသုံးနိုင်သော ဟင်းသီးဟင်းရွက် အပင်တစ်မျိုးဖြစ်ပြီး အဖူး၊ အပွင့်၊ အသီး၊ အရွက်၊ အခေါက် စသော တစ်ပင်လုံး အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။
ဒန့်ဒလွန်ရွက်သည် လူတန်းစားမရွေးဖြစ်တတ်သော သွေးတိုး၊ ဆီးချို၊ သွေးချိုဝေဒနာရှင်များ လေငန်း၊ ဒူလာ၊ မီးယပ်စသော ဝေဒနာရှင်များအတွက် အထူးသင့်တော်သော ဆေးဖက်ဝင် ဟင်းရွက်တစ်မျိုးဖြစ်ပြီး ဟင်းချိုချက်၍ သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါကို ပျောက်ကင်းစေပါသည်။ ဒန့်ဒလွန်ရွက်ကို နေ့စဉ်မှန်မှန် စားပေးခြင်းဖြင့် လူ၏ခန္ဓာကိုယ်အတွင်းရှိ ပျစ်နေသောသွေးကို ကျဲစေခြင်း၊ ဆီးဝမ်းကို ရွှင်စေခြင်း၊ မည်သည့်ဝေဒနာရှင်မဆို နုတ်ကိုမြိန်စေခြင်း၊ အစာကို ကြေညက်စေခြင်း၊ မျက်စိကိုကြည်လင် စေခြင်းစသော ရောဂါဝေဒနာများ ပျောက်ကင်းစေသည့်အပြင် ဒန့်ဒလွန်ရွက် ဟင်းချိုကို နေ့ညသောက်ပေး ပါက နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ခြင်းများ ပျောက်ကင်းစေပါသည်။ ဒန့်ဒလွန်သီးကို ဟင်းချက်၍ စားပေးပါက ကလေးငယ်များတွက် ဖြစ်တတ်သော သန်ကောင်၊ တုတ်ကောင်များကိုလည်း သေကြေပျက်စီး စေပါသည်။ ထို့အပြင် ဆီးရောဂါဝေဒနာရှင်များအတွက် ဒန့်ဒလွန်စေ့ကို အမှုန့်ပြုလုပ်၍ သကြားနှင့်ရောစပ် ၍ နေ့စဉ်သောက်ပေးခြင်းဖြင့် နားကိုက်၊ နားပြည်ယို၊ နားအူဝေဒနာရှင်များအတွက် အုန်းဆီနှင့်ရောစပ်၍ ကြက်တောင်သန့်သန့်ဖြင့် နားကြပ်ပေးခြင်း၊ ပါးစပ်မှ အနံ့ဆိုးထွက်ခြင်း၊ သွားဖုံးရောင်ခြင်း၊ သွေးယိုခြင်း များအတွက် ဒန့်ဒလွန် ပင်စည်မှထွက်သော အစေးကို ရေနွေးဖြင့် မကြာခဏ ပါးလုပ်ကျင်းပေးခြင်းတို့ဖြင့် ရောဂါများ ပျောက်ကင်းစေပါသည်။ ဒန့်ဒလွန်အခေါက်ကို ခွာပြီး ထုချေ၍ နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်ကြောတက်၊ ဇက်လေး၊ သွေးပေါင်တက်၊ နောက်ကြောတက် ရောဂါများ ပျောက်ကင်းစေပြီး နို့မထွက် သော မီးနေသည်များ ဒန့်ဒလွန်ရွက်ဟင်းချို သောက်ပေးခြင်း၊ ဒန့်ဒလွန်သီးကို ငါးဖြင့်ချက်ကျွေး ခြင်းဖြင့် နို့ဖြိုင်ဖြိုင် ထွက်စေပါသည်။ ထို့နောက် ပန်းသေ၊ ပန်းညှိုးဝေဒနာရှင်များ ဒန့်ဒလွန်သီး မနုမရင့်ကို ငါးကြင်းသားဖြင့် ချက်၍ စားပေးပါက ရောဂါဝေဒနာများ ပျောက်ကင်းစေသည့်အတွက် ဒန့်ဒလွန်ပင်သည် တစ်ပင်လုံးဆေးဖက်ဝင်သော အပင်ဖြစ်ကြောင်းကို မှတ်တမ်း တင်ရေးသား ဖော်ပြလိုက်ပါသည်။
DOCA (ဧရာဝတီ)