ကျန်းမာရေးနဲ့ အလှအပတွက်အဖိုးတန်ရတနာ သံလွင်ဆီ

Powered by Drupal
Fri, 10/03/2025 - 10:59 -- consumer_admin

  သံလွင်ဆီဟာ ဟင်းချက်ရာမှာတင်မကဘဲ ကျန်းမာရေးနဲ့ အလှအပအတွက်ပါ အဖိုးမဖြတ်နိုင် တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ သဘာဝအဆီတစ်မျိုး ဖြစ်ပါသည်။ မြေထဲပင်လယ်ဒေသက သံလွင်သီး ကနေ ထုတ်လုပ်ထားတဲ့ ဒီဆီဟာနှစ်ထောင်ပေါင်းများစွာကတည်းက လူသားတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ပါသည်။

       သံလွင်ဆီဟာနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါသည်။ ထို့အပြင် သံလွင်ဆီက သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တယ်လို့ သုတေသနပညာရှင်တွေက ဖော်ပြထားပါသည်။ သံလွင်ဆီမှာ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်တွေကို ပျက်စီးစေတဲ့ free radicals တွေကို တိုက်ဖျက် ပေးနိုင်တာကြောင့် ကင်ဆာနဲ့ နာတာရှည်ရောဂါတွေ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါသည်။ သံလွင်ဆီမှာပါဝင်တဲ့ oleocanthal လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိပါသည်။ အဆစ်အမြစ်ရောင်ရမ်းနာလိုမျိုး ရောင်ရမ်းမှုနဲ့ ဆက်စပ်တဲ့ ရောဂါဝေဒနာတွေကို သက်သာစေနိုင်ပါသည်။ အရေပြားကိုအစိုဓါတ်ဖြည့်ပေးပါသည်။ သံလွင်ဆီမှာပါတဲ့ ဗီတာမင် E ကအရေပြားကို နူးညံ့ချောမွတ်စေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေး စေပါသည်။ သံလွင်ဆီကို ခေါင်းလိမ်းဆီအဖြစ် သုံးပြီး ပျက်စီးနေတဲ့ ဆံပင်တွေကို ပြုပြင်ပေးနိုင်ပါသည်။ ဦးရေပြားကိုနှိပ်နယ်ပေးရင် ဆံပင်ကျွတ်တာကိုလည်း သက်သာစေပြီး ဆံသားကို တောက်ပစေပါသည်။ သံလွင်ဆီဟာ ကျန်းမာရေးနဲ့ အလှအပကို တစ်ပြိုင်နက်တည်း အထောက်အကူပြုနိုင်တဲ့ အဖိုးတန် သဘာဝထုတ်ကုန်တစ်ခုဖြစ်ပါသည်။

DOCA (ဧရာဝတီ)