ဈေးကွက်ဝင် မြန်မာ့ကော်ဖီအကြောင်း သိကောင်းစရာ

Powered by Drupal
Mon, 09/29/2025 - 14:07 -- consumer_admin

     မြန်မာ့ကော်ဖီဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကောင်းလာသောကြောင့် လက်ရှိ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက စုစုပေါင်း နှစ်သိန်းကျော်ကို အကောင်အထည်ဖော် စိုက်ပျိုးလျက် ရှိရာ ဧက ၅၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၉၀၀၀ ကျော် ထွက်ရှိကြောင်း သိရှိရပါသည်။

   အဆိုပါကော်ဖီများကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဒူဘိုင်း၊ ဗြိတိန်၊ အိုက်စလန်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ဂျာမနီသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။

   မြန်မာနိုင်ငံတွင် ကော်ဖီကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ် တို့တွင် အများဆုံးစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အနည်းငယ် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ကော်ဖီသည် စိုက်ပျိုးသည့် ရေမြေရာသီဥတု၊ ပထဝီအနေ အထားတို့ကိုလိုက်၍ ကော်ဖီစေ့၏ အနံ့အရသာတို့ အမျိုးမျိုးကွဲပြားခြားနားလျက်ရှိရာ မြန်မာ့ ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီ ဈေးကွက်တွင် အမည်ကောင်းရရှိထားပြီးဖြစ်သလို အရေးပါ သည့် တန်ဖိုးမြင့်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးတင်ပို့ထုတ်လုပ်နိုင်ရန် နိုင်ငံတော်က အားပေး ဆောင်ရွက်လျက်ရှိပါသည်။

     ထို့ကြောင့် မြန်မာ့ကော်ဖီ၏ ကိုယ်ပိုင်ထူးခြားသည့် အနံ့အရသာတို့ကို သောက်သုံးသူများနှင့် ကမ္ဘာ့ဈေးကွက်က သိရှိလာရေးအတွက် ဈေးကွက်မြှင့်တင်မှုဆိုင်ရာ နည်းပညာများဖြင့် စီစဉ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။

DOCA (ဧရာဝတီ)