လိမ္မော်သီးမှရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Wed, 09/24/2025 - 16:09 -- consumer_admin

 ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော လိမ္မော်သီး

     ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော လိမ္မော်သီးသည်  အအေးမိဖျားနာခြင်းကိုကုသရန်  အကောင်းဆုံး ရွေးချယ် စားသုံးပေးသင့်သည့် အသီးဖြစ်သည်။  ဗီတာမင်- C အများအပြား ပါဝင်သောကြောင့်   ကင်ဆာရောဂါနှင့် နှလုံး ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးသည်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်သောလိမ္မော်သီး

      လိမ္မော်သီးစားပေးခြင်းဖြင့် ကိုယ်အလေးချိန်တက်မလာအောင် ထိန်းထားပေးနိုင်သည့်အပြင် အစာခြေစနစ်ကို ကောင်းမွန်စေသောကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့်  စားပေးသင့် သည်။

ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်သောလိမ္မော်သီး

     လိမ္မော်သီးတွင် Phytochemicals များ ပါဝင်သောကြောင့် အရေပြားကင်ဆာ၊အဆုတ်ကင်ဆာ၊ ရင်သား ကင်ဆာ၊    အစာအိမ်ကင်ဆာနှင့်  အူမကြီးကင်ဆာများကို   ကာကွယ်ပေးနိုင်သည်။  ထို့ကြောင့်  လိမ္မော်သီးစားပေးခြင်း သည်  ကင်ဆာရောဂါများကို  ခုခံကာကွယ်ပေးနိုင်ပြီး   ခန္ဓာကိုယ်ကျန်းမာစေရန် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် အပြင် အရေပြား ကင်ဆာမဖြစ်စေရန်       ကြိုတင်ကာကွယ်ပေးသည်။

ကျောက်ကပ်ရောဂါကို ကာကွယ်ပေးနိုင်သော လိမ္မော်သီး

    လိမ္မော်ရည်ကို ပုံမှန်သောက်သုံးပေးပါက ကျောက်ကပ်ရောဂါကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်၌   ကျောက် တည်ခြင်း ကို လျော့ကျစေနိုင်သည်။   ထို့ကြောင့်   ကျောက်ကပ်ကျန်းမာရေး အတွက် လိမ္မော်သီးကို စားသုံးပေးသင့်သည်။ လိမ္မော်ရည်တွင် သကြားဓာတ်နှင့် အက်စစ်ဓာတ်များစွာ ပါဝင်သဖြင့် အလွန်အကျွံ မသောက်သုံးသင့်ပေ။  

အသည်းရောဂါကို သက်သာစေနိုင်သောလိမ္မော်သီး

    ဂျပန်နိုင်ငံတွင်  လုပ်ဆောင်ခဲ့သည့်လေ့လာမှု နှစ်ခုအရ လိမ္မော်သီးစားသုံးပေးခြင်းဖြင့် အသည်း ကင်ဆာဖြစ်နိုင် ခြေကို လျော့ကျစေနိုင်ပြီး အသည်း ရောဂါများကို သက်သာစေနိုင်သည်ဟု ဆိုသည်။

ကိုလက်စထရော ကျစေနိုင်သောလိမ္မော်သီး

     လိမ္မော်သီးတွင်ပါဝင်သော အမျှင်ဓာတ်သည် ပျော်ဝင်လွယ်သည့်  အမျှင်ဓာတ်ဖြစ်သောကြောင့် သွေးတွင်းကိုလက်စ ထရောကျစေရန် အထောက်အကူပြုသည်။   ထို့ကြောင့်  လိမ္မော်ရည် သို့မဟုတ် လိမ္မော်သီးကို ပုံမှန်စားသောက်ပေးခြင်း ဖြင့် ကိုလက်စထရောကျစေသည်။

သွေးတိုးကျစေနိုင်သောလိမ္မော်သီး                                                                           

      လိမ္မော်သီးတွင်ပါဝင်သည့် Flavonoid Hesperidin ကသွေးတိုးကျစေနိုင်ပြီး မဂ္ဂနီစီယမ်ကသွေးပေါင်ချိန် ကို ထိန်းညှိပေးသောကြောင့် လိမ္မော်သီးစားပေးခြင်းဖြင့် သွေးဖိအားကို ကျဆင်းစေမည်ဖြစ်ကာ နှလုံးသွေးကြောကို ကာကွယ် နိုင်ပြီး ကောင်းကျိုးပြုသည်။

နှလုံးကျန်းမာစေနိုင်သောလိမ္မော်သီး

     လိမ္မော်သီးတွင် ဗီတာမင်- C အပြင် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့်  နှလုံး၏လုပ်ဆောင်မှုများ ကောင်းမွန်စေရန် အထောက်အကူပြုပေးသည်။ ခန္ဓာကိုယ်တွင်း၌     ပိုတက်ဆီယမ်ပမာဏ နည်းသွားသည့်အခါ နှလုံးခုန် မမှန်သည့် ပုံစံမျိုးခံစားရနိုင် သည်။

ဆီးချိုရောဂါရှိသူများ စားပေးသင့်သောလိမ္မော်သီး

    ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သော လိမ္မော်သီးကိုယ်ခံအားစနစ် ကို မြှင့်တင်ပေးနိုင်သော လိမ္မော်သီးသည်  အအေးမိဖျားနာခြင်းကို ကုသရန်  အကောင်းဆုံးရွေးချယ် စားသုံးပေးသင့်သည့် အသီးဖြစ်သည်။  ဗီတာမင်- Cအများ အပြား ပါဝင်သောကြောင့့်   ကင်ဆာရောဂါနှင့် နှလုံးရောဂါဖြစ်ပွားမှုမှ ကာကွယ် ပေးသည်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်သောလိမ္မော်သီး

     လိမ္မော်သီးစားပေးခြင်းဖြင့် ကိုယ်အလေးချိန် တက်မလာအောင်  ထိန်းထားပေးနိုင်သည့်အပြင်  အစာခြေစနစ် ကို ကောင်းမွန်စေ သောကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့်  စားပေးသင့် သည်။

ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်သောလိမ္မော်သီး

     လိမ္မော်သီးတွင် Phytochemicals များ ပါဝင်သောကြောင့်    အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင် ဆာ ၊ အစာအိမ်ကင်ဆာနှင့်  အူမကြီးကင်ဆာများကို ကာကွယ်ပေးနိုင်သည်။  ထို့ကြောင့် လိမ္မော်သီးစားပေးခြင်းသည်  ကင်ဆာရောဂါများကို  ခုခံကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်ကျန်းမာစေရန် ကာကွယ် စောင့်ရှောက်ပေးနိုင်သည့်အပြင် အရေပြား ကင်ဆာမဖြစ်စေရန် ကြိုတင်ကာကွယ်ပေးသည်။

ကျောက်ကပ်ရောဂါကို ကာကွယ်ပေးနိုင်သော လိမ္မော်သီး

     လိမ္မော်ရည်ကို ပုံမှန်သောက်သုံးပေးပါက ကျောက်ကပ်ရောဂါကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်၌ ကျောက် တည်ခြင်းကို လျော့ကျစေနိုင်သည်။   ထို့ကြောင့်   ကျောက်ကပ်ကျန်းမာရေး အတွက် လိမ္မော်သီးကို စားသုံးပေးသင့်သည်။ လိမ္မော်ရည်တွင်    သကြားဓာတ်နှင့် အက်စစ်ဓာတ်များစွာ ပါဝင်သဖြင့် အလွန်အကျွံ မသောက်သုံးသင့်ပေ။ 

အသည်းရောဂါကို သက်သာစေနိုင်သောလိမ္မော်သီး

      ဂျပန်နိုင်ငံတွင်  လုပ်ဆောင်ခဲ့သည့်လေ့လာမှု နှစ်ခုအရ လိမ္မော်သီးစားသုံးပေးခြင်းဖြင့် အသည်း ကင်ဆာဖြစ်နိုင်ခြေ ကို လျော့ကျစေနိုင်ပြီး အသည်း ရောဂါများကို သက်သာစေနိုင်သည်ဟု ဆိုသည်။

ကိုလက်စထရော ကျစေနိုင်သောလိမ္မော်သီး

     လိမ္မော်သီးတွင်ပါဝင်သော အမျှင်ဓာတ်သည် ပျော်ဝင်လွယ်သည့်  အမျှင်ဓာတ်ဖြစ်သောကြောင့် သွေးတွင်းကို လက်စထရောကျစေရန် အထောက်အကူပြုသည်။   ထို့ကြောင့်  လိမ္မော်ရည် သို့မဟုတ် လိမ္မော်သီးကို ပုံမှန်စားသောက်ပေး ခြင်းဖြင့် ကိုလက်စထရော ကျစေသည်။

သွေးတိုးကျစေနိုင်သောလိမ္မော်သီး                                                                           

     လိမ္မော်သီးတွင်ပါဝင်သည့် Flavonoid Hesperidin ကသွေးတိုးကျစေနိုင်ပြီး မဂ္ဂနီစီယမ်ကသွေးပေါင်ချိန် ကို ထိန်းညှိပေးသောကြောင့် လိမ္မော်သီးစားပေးခြင်း ဖြင့်  သွေးဖိအားကို ကျဆင်းစေမည်ဖြစ်ကာ နှလုံးသွေးကြောကို ကာကွယ် နိုင်ပြီး ကောင်းကျိုးပြုသည်။

နှလုံးကျန်းမာစေနိုင်သောလိမ္မော်သီး

    လိမ္မော်သီးတွင် ဗီတာမင်- C အပြင် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်သောကြောင့် နှလုံး၏လုပ်ဆောင်မှုများ ကောင်းမွန်စေရန် အထောက်အကူပြုပေးသည်။ ခန္ဓာကိုယ်တွင်း၌     ပိုတက်ဆီယမ်ပမာဏနည်း သွားသည့်အခါ နှလုံးခုန် မမှန်သည့် ပုံစံမျိုးခံစားရနိုင် သည်။

ဆီးချိုရောဂါရှိသူများ စားပေးသင့်သောလိမ္မော်သီး

     လိမ္မော်သီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို     လျော့နည်းစေသည့် အတွက်  ဆီးချိုရောဂါရှိသူများအနေဖြင့် လိမ္မော်သီး ကို  အနည်းငယ်သာစားသုံးသင့်သည်။   ခန္ဓာကိုယ်မှ အချိုဓာတ်ကို ထိန်းညှိပေးသည့် သရက်ရွက်မှထုတ် ပေးရမည့် Insulin ဟော်မုန်းထုတ်မပေးနိုင်သော ဆီးချိုရောဂါအမျိုးအစား(၁)ရှိသူများ  စားသုံးပေးနိုင် သော်လည်း   ဆီးချိုရောဂါအမျိုးအစား(၂)ရှိသူများ အနေဖြင့်  ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ စားသုံးသင့် သည်။

နာတာရှည်ရောဂါများ ဝင်နိုင်ခြေကို လျှော့ချပေးနိုင်သော လိမ္မော်သီး

      လိမ္မော်သီးတွင် ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်သည့် ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ပေးနိုင်သော ဗီတာမင် - C ကြွယ်ဝ စွာပါဝင်သောကြောင့် ကင်ဆာ နှင့်အသည်းရောဂါကဲ့သို့ နာတာရှည်ရောဂါများ ခံစားရနိုင်ခြေကို လျော့ကျ စေနိုင်သည်။

ရေဓာတ်ဖြည့်ပေးနိုင်ပြီးဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သော လိမ္မော်သီး

    လိမ္မော်သီးတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရည်ရွှမ်းသဖြင့် ရေဓာတ်ကိုထိန်းထားနိုင်သည့်အပြင်  အစာခြေ စနစ်ကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်စုပ်ယူမှုကို   အားကောင်းစေသည်။ ထို့ပြင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာခြေရည်ထွက်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေနိုင်သည်။

လိမ္မော်ရည်၏ ကျန်းမာရေးကိုအထောက်အကူပြုမှု

      လိမ္မော်ရည်ထဲတွင်ပါဝင်သော    ကယ်လ်စီယမ်ဓာတ်သည် နို့တွင်ပါဝင်သော  ကယ်လ်စီယမ်ဓာတ် ထက်ပို၍  ခန္ဓာ ကိုယ်မှစုပ် ယူရလွယ်ကူသည်။  ရှစ် အောင်စရှိသော နို့တစ်ဖန်ခွက်တွင် ထုံးဓာတ် ၂၉၁ မီလီဂရမ်ပါဝင်ပြီး   ခန္ဓာကိုယ်မှ  ၉၃ မီလီဂရမ်(၃၁ ရာခိုင်နှုန်းသာ) စုပ်ယူနိုင်ပြီး ရှစ်အောင်စရှိသော လိမ္မော်ရည်တစ်ဖန်ခွက်တွင် ကယ်လ်စီယမ်ဓာတ်၃၅ဝ မီလီဂရမ်ပါဝင်ပြီး ခန္ဓာကိုယ်မှ ၁၃၀ မီလီဂရမ် (၃၇  ရာခိုင်နှုန်း)စုပ်ယူနိုင်သည့်အတွက် လိမ္မော်ရည်သည်  ကျန်းမာရေး အတွက်ပို၍ အထောက်အကူ ပြုသည်။    လိမ္မော်သီးတစ်လုံးတွင်    ဗီတာမင်-C  ၅၀ မီလီဂရမ်ခန့်ပါဝင်သည်။ လိမ္မော်သီး၌ အက်စစ် ပါဝင်သဖြင့် အဆိပ်အတောက် လျော့စေသောအသီး ဖြစ်သည်။

အမြင်အာရုံကို ကောင်းမွန်စေနိုင်သော လိမ္မော်သီး                                                                                  

     လိမ္မော်သီးတွင် Carotenoid ဒြပ်ပေါင်း ကြွယ်ဝ စွာပါဝင်သောကြောင့် အမြင်အာရုံထိခိုက်မှု မဖြစ်စေရန် ကာကွယ် ပေးသည်။     လိမ္မော်သီးက မျက်လုံးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ပေးပြီး အမြင်အာရုံ ဝေဝါးမှုကိုလည်း  လျော့ကျ စေနိုင်သည်။  ထို့ကြောင့် လိမ္မော်သီးစားခြင်းဖြင့် အမြင်အာရုံ တိုးတက်ကောင်းမွန်စေပြီး ညဘက်တွင်လည်း အမြင် အာရုံ ကို တိုးစေသည်။

အသားအရေကိုလှပစေသောလိမ္မော်သီး

     လိမ္မော်သီးတွင်ပါဝင်သည့်  ဗီတာမင်- C  သည်    လေထုညစ်ညမ်းမှု၊ နေရောင်ခြည်ထိတွေ့မှုတို့ကြောင့် အသား အရေ ထိခိုက်ပျက်စီးခြင်းမှ  ကာကွယ်ပေး သည့်အပြင် လိမ္မော်သီးတွင် ဆဲလ်များထိခိုက် ပျက်စီးမှုကို ကာကွယ်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်ခုဖြစ်သော ဘီတာကယ်ရိုတင်းပါဝင်သည်။ ဘီတာကယ်ရိုတင်းက အသားအရေကို ဖရီးရယ်ဒီ ကယ်များကြောင့် ထိခိုက်ပျက်စီးမှုမှ ကာကွယ်ပေးပြီး အရွယ်မတိုင်မီ   အိုမင်းရင့်ရော်မှုမဖြစ်စေရန် ကာကွယ်ပေးရုံသာမက  အသားအရေကိုကောင်းမွန် လှပစေနိုင်သည်။  အရေပြားရှိအဆီပိုများကို ဖယ်ရှားပေးနိုင်ပြီး ပရိုတင်းဓာတ်ရရှိစေရန် ပြုလုပ်ပေးနိုင်သောကြောင့် လတ်ဆတ်သောလိမ္မော် သီးကိုစားပေးသင့်သည်။ လိမ္မော်သီးစားပေးခြင်းဖြင့်    အိုမင်းရင့်ရော်မှု ကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်း အဟောင်းများပျက်၍ အသစ်များ အစားထိုးဖြစ်ပေါ်မှုဖြစ်စဉ်များကိုလည်း  အား ဖြည့်ပေးနိုင်သည်။

သတိထားရမည့် အချက်များ

      နှလုံးရောဂါဆေးတစ်မျိုးဖြစ်သော Beta-blocker သောက်နေရသူများအနေဖြင့် လိမ္မော်သီးကို အများအပြား မစားသုံးသင့်သကဲ့သို့  လိမ္မော်သီးတွင် ပိုတက်ဆီယမ်များစွာ ပါဝင်သောကြောင့် သွေးတွင်း၌ ပိုတက်ဆီယမ်များ သည့်အခါ တွင်  ကျောက်ကပ်က ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ပိုတက်ဆီယမ်များ ကို ဖယ်ထုတ်ခြင်းမပြုလုပ်နိုင်သောကြောင့် ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်လည်း အများအပြား မစားသင့်ဟုဆိုသည်။ Gastroesophageal Reflux Disease (GERD) ရှိသူများအနေဖြင့်   လိမ္မော်သီး အများအပြားစားသုံးမိပါက ရင်ပူခြင်းနှင့်ပျို့အန်ခြင်း များ ဖြစ်စေနိုင်သည်။

     အချုပ်အားဖြင့် ကယ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်အပြည့်အဝ ပါဝင်သည့်  သဘာဝ အချိုဓာတ်ရရှိစေနိုင် သော   ဆိုးကျိုးအလွန်နည်းပြီး ကောင်းကျိုးအလွန်များသည့် လိမ္မော်သီးကို လူမျိုး ဘာသာမရွေး၊ အသက်ကြီးငယ်မရွေး  စားသုံးသင့် သည်။   အထူးသဖြင့်   သွေးတိုးရောဂါ၊   ကင်ဆာရောဂါ၊   အစာမကြေ၊   နာတာရှည် လေပြွန်ရောင်၊ ချောင်း ဆိုး၍ လေပြွန်ရောင်ရောဂါ ရှိသူများနှင့် နှလုံးသွေးကြောရောဂါရှိသူများ မကြာခဏ စားသုံးပေးသင့်ကြောင်း   အကြံပြုရေး သား တင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/node/75222                     

DOCA(ပြည်ထောင်စုနယ်မြေ)