
ဂေါ်ရခါးသီး ခေါ် စူကာသီးအစိမ်းရောင် ခပ်ဖျော့ဖျော့အခွံနှင့် ခပ်ရှည်ရှည်အသီးဖြစ် သော ဂေါ်ရခါးသီး၏ အင်္ဂလိပ်အမည်မှာ Chayote၊ မျိုးရင်းအမည် Cucurbitaceae ဖြစ်သည်။ ဂေါ်ရခါး သီးကို ရှမ်းပြည်နယ်၌ အများဆုံးစိုက်ပျိုးဖြစ်ထွန်းပြီး အေးမြသောဒေသများတွင် ကောင်းစွာဖြစ် ထွန်းသည်။
ဂေါ်ရခါးသီးတွင်ပါဝင်သည့်အာဟာရဓာတ်များ
ဂေါ်ရခါးသီးတွင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် သဘာဝ ကစီဓာတ်၊ ပရိုတင်း၊ ဗီတာမင် B၊ C၊ E၊ B9 ဟုခေါ်သည့် ဖောလိတ်ဓာတ်၊ ဗီတာမင် B6 ဟုခေါ်သည့် နိုင်ရာဆင်၊ အမိုင်နိုအက်စစ်၊ သိုင်ရာမင်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဇင့် ၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနီးစ် စသည့် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့် အာဟာရဓာတ်များနှင့် သတ္တု ဓာတ်များစွာပါဝင်သည်။ ဂေါ်ရခါးသီးသည် ကိုလက်စထရောနှင့် ဆိုဒီယမ် လုံးဝမပါရှိသည့်အပြင် ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည်။ အသည်း၏လုပ်ဆောင် ချက်များကိုကောင်းမွန်နိုင်အသည်းအဆီဖုံးခြင်းသည် အန္တရာယ်ရှိသည့် ကျန်းမာရေးပြဿနာ တစ် မျိုးဖြစ်ပြီး အရက်မသောက်သူများတွင်လည်း ဖြစ်ပွားနိုင်သည်။ လေ့လာမှုများအရ ဂေါ်ရခါးသီး ကဲ့သို့ အာဟာရပြည့်ဝသည့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးခြင်းဖြင့် အသည်းအတွင်း အဆီ များစုပုံခြင်းကို သိသာစွာလျော့ကျစေနိုင်ပြီး မကောင်းသည့် ကိုလက်စထရောများကိုလည်း လျှော့ ချ ပေးနိုင်သည်။ ထို့ပြင် ဂေါ်ရခါးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ နှင့် အသည်း၏စွမ်းဆောင်ရည်များကို ပိုမိုတိုးတက်လာစေမည်ဖြစ်သည်။
ကျောက်ကပ်ကျန်းမာရေးကောင်းမွန်နိုင်
ဂေါ်ရခါးသီးတွင် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သောကြောင့် ကျောက်ကပ် အတွင်း ရှိ မလိုအပ်သော အရည်များကိုဖယ်ရှားပေးနိုင်ပြီး ကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးနိုင် သည်။ ကျောက်ကပ်ကျန်းမာရေး ပြဿနာရှိပါကဂေါ်ရခါးသီးဖျော်ရည်ပြုလုပ်ပြီး သောက်သုံးခြင်း သို့မဟုတ် သုပ်စားခြင်းမျိုးပြုလုပ်နိုင်သည်။
ကိုယ်အလေးချိန်ကျစေနိုင်
ဂေါ်ရခါးသီးသည် ကယ်လိုရီပါဝင်မှုနည်းပြီး ကိုလက်စထရောနှင့် ပြည့်ဝဆီ လုံးဝမပါဝင် သောကြောင့် ကိုယ်အလေးချိန်ကျလိုသူများ စားသုံးပေးနိုင်သည်။ဂေါ်ရခါးသီးသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများအတွက် အထူးသင့်လျော်သည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ကျန်းမာရေးကို အထောက်အကူပြုနိုင်ဂေါ်ရခါးသီးတွင်ပါဝင်သည့် ဗီတာ မင် B Complex နှင့် ဖောလိတ်ဓာတ်သည် သွေးတွင်းရှိဆဲလ်များနှင့် DNA ဖွဲ့စည်းတည်ဆောက်မှု တို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် စားပေးသင့်သည်။ ဗီတာမင် B9 ဟု ခေါ်သည့် ဖောလိတ်ဓာတ်သည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကျောရိုးနှင့် ကလေး၏ ကြီးထွား ဖွံ့ဖြိုးမှုများအတွက် အရေးကြီးသည့် အာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ဂေါ်ရခါးသီးတွင် ဖောလိတ် ဓာတ်ပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များ လုံလောက်စွာ စားပေးခြင်းဖြင့် မွေးဖွား လာမည့် ရင်သွေးငယ်များ အာရုံကြောနှင့်ပတ်သက်သည့် ရောဂါဝေဒနာများကို ကြိုတင် ကာကွယ် ပေးနိုင်မည်ဖြစ်သည်။
ပင်ပန်းနွမ်းနယ်မှုကို သက်သာစေနိုင် ဂေါ်ရခါးသီးကိုမှန်မှန်စားသုံးပေးခြင်းဖြင့် အရိုးပါးရောဂါ၊ အယ်လ်ဇိုင်းမား
ရောဂါနှင့် စိတ်ကျရောဂါများကို ကာကွယ်ပေးသည်။ နာတာရှည်အိပ်မပျော်သူများအတွက် အထူးသင့်လျော်ပြီး ပင်ပန်းနွမ်းနယ်မှုများကိုလည်း လျော့ပါးသက်သာစေသည်။ ဂေါ်ရခါးသီးတွင် ဗီတာမင် B6 ပါဝင်သည့်အတွက် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်မြင့်မားစေ သည်။သွားကျန်း မာရေးနှင့် ကြွက်တက်ခြင်းကိုကာကွယ်ပေးနိုင် ဂေါ်ရခါးသီးသည် သွားဖုံးကျန်းမာရေး၊ သွားကျန်း မာရေး၊ ခံတွင်းအပူလောင်ခြင်း၊ အဆုတ်ကျန်းမာရေးနှင့် ကျောရိုးကျန်းမာရေးတို့ကို တိုးတက် ကောင်းမွန်စေပြီး ဆဲလ်များထိခိုက်ပျက်စီးမှုကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ဂေါ်ရခါးသီး တွင် မဂ္ဂနီဆီယမ်ဓာတ်ပါရှိခြင်းကြောင့် မှန်မှန်စားသုံးပေးခြင်းဖြင့် ခြေသလုံးကြွက်သားများ ကြွက်တက် ခြင်းမှကာကွယ်ပေးနိုင်သည်။
အအေးမိဖျားနာခြင်းကိုသက်သာစေနိုင်
ဂေါ်ရခါးသီးသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သည့်အတွက် မကြာခဏဖြစ်တတ် သော အပူဖျားနှင့်အအေးမိဖျားနာခြင်းများကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ဂေါ်ရခါးသီးတွင် ကော့ပါးဓာတ်ပါဝင်သောကြောင့် သိုင်းရွိုက်ရောဂါရှိသူများအနေဖြင့် စားသုံးပေးသင့်သည်။
ဝက်ခြံများကိုသက်သာပျောက်ကင်းနိုင်
ဂေါ်ရခါးသီးတွင်ပါဝင်သည့် ဇင့်ဓာတ်သည် ခန္ဓာကိုယ်အရေပြားထဲမှ အဆီထွက်ခြင်းကို ထိန်းချုပ်ပေးနိုင်သည့်အတွက် မျက်နှာနှင့်ခန္ဓာကိုယ်ပေါ်ရှိ ဝက်ခြံများကို သက်သာပျောက်ကင်းစေနိုင်သည်။
သွေးတွင်းကိုလက်စထရောကျစေနိုင်
ဂေါ်ရခါးသီးတွင် ပြည့်ဝဆီလုံးဝမပါဝင်သောကြောင့် သွေးတွင်းကိုလက်စထရော ကိုမတက် စေဘဲ ကိုလက်စထရောပမာဏကို ထိန်းညှိပေးနိုင်သည်။ ဂေါ်ရခါးသီးတွင်ပါဝင်သော Phytoche mical ဟုခေါ်သည့် အပင်ထွက်ဓာတုဒြပ်စင်ကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေ ပြီး သွေးဖိအားမြင့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ ဂေါ်ရခါးသီးတွင် ပါဝင်သော Myricetin ဟု ခေါ်သည့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများကြောင့် ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင် ရုံသာ မက ရောင်ရမ်းမှုများကိုပါ တိုက်ဖျက်ပေးနိုင်သဖြင့် နာတာရှည်နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည်။
သက်လုံကောင်းစေနိုင်
ဂေါ်ရခါးသီးတွင်ပါဝင်သော ပိုတက်ဆီယမ်ဓာတ်ကြောင့် ခန္ဓာကိုယ်ကို သက်လုံကောင်း စေပြီး အမောခံနိုင်သည်။ ခန္ဓာကိုယ်အတွက်လိုအပ်သည့် ပရိုတင်းနှင့် ခွန်အားများကို လုံလောက် စွာရရှိစေနိုင်ရန်အတွက်လည်း မဂ္ဂနီးစ်ဓာတ် ကြွယ်ဝသော ဂေါ်ရခါးသီးကို စားပေးသင့်သည်။
ကင်ဆာရောဂါကိုဟန့်တားပေးနိုင်
ဂေါ်ရခါးသီးတွင်ပါဝင်သည့် Polyphenolic ကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ခန္ဓာ ကိုယ်တွင်းဆဲလ်များကို ပျက်စီးစေနိုင်သည့် Free Radical များကို တိုက်ထုတ်ပေးနိုင်ပြီး သွေးကင် ဆာနှင့် သားအိမ်ခေါင်းကင်ဆာကဲ့သို့ ကင်ဆာရောဂါများကို ဟန့်တားကာကွယ်ပေးနိုင်သည်။
ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်
ဂေါ်ရခါးသီးတွင် ခန္ဓာကိုယ်အတွက် လုံလောက်သည့် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် အူသိမ်၊ အူမတို့စွမ်းရည်ကိုမြှင့်တင်ပေးပြီး အစာခြေစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်သဖြင့် ဝမ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။
သွေးတိုးကျစေနိုင်
ဂေါ်ရခါးသီးတွင် ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်သည့်အတွက် သွေး တိုးရှိသူများနှင့် သွေးတိုးကာကွယ်လိုသူများ စားသုံးပေးသင့်သည်။
နှလုံးရောဂါကိုကာကွယ်ပေးနိုင်
ဂေါ်ရခါးသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်သည့် ဗီတာမင် C ကြွယ်ဝစွာ ပါဝင်မှု ကြောင့် နှလုံးရောဂါမဖြစ်ရန် ကာကွယ်ပေးနိုင်သည်။ အိပ်မပျော်သူများလည်း စားပေးသင့်ပြီး ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေသည်။
သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်
သွေးတွင်း၌ သွေးနီဥဆဲလ်များ နည်းသည့်အချိန်တွင် သွေးအားနည်းရောဂါ ဖြစ်တတ်သည်။ ဂေါ်ရခါးသီးတွင်သံဓာတ်နှင့် ဗီတာမင် B2 တို့ပါဝင်နေမှုကြောင့် သွေးနီဥဆဲလ်များကိုဖြစ်ပေါ်စေပြီး သွေးအားမနည်းစေရန် ကာကွယ်ပေးနိုင်သည်။
DOCA(ပြည်ထောင်စုနယ်မြေ)