နွယ်မြက်သစ်ပင်ဆေးဖက်ဝင်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်းများစွာထဲမှ ဆေးပင်တမျိုးနှင့်မိတ်ဆက်ပေးရလျှင် မဟာကာကြံဆစ်ဟုခေါ်သောနဂါးမြီးရွက် နှင့်မိတ်ဆက် ပေးရန်လိုအပ်ပါသည်။ မဟာကာကြံဆစ်ဟုခေါ်သော ထိုဆေးပင်၏အရွက်များသည် ခပ်ရှည်ရှည် ဖြစ်၍အကြောအစင်းများရှိသည်။ ရိုးတံတွင်အဆစ်ကလေးများ ပါရှိပြီးထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်၏အလယ် သိုမဟုတ် အောက်ခြေစွန်းစွန်း တွင် အမည်းစက်ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေး ဖြစ်သည်။ ချုံနွယ်ပင် တမျိုးဖြစ်ပြီးစိုစွတ်သောနေရာတွင်ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါ သည်။ ရင်ကျပ်ခြင်း ၊ချောင်းဆိုးခြင်း၊ အဆုတ်ရောဂါ၊ အသည်းရောဂါ၊ ဆီးလမ်းကြောင်း နှင့်ပတ်သက်သောရောဂါများ၊ဝမ်းရောဂါများကိုလည်ကောင်း၊အသဲကြောင့်ခန္ဓာကိုယ်ဖောရောင်ခြင်းများကို ခံစားနေရပါက မဟာကြံဆစ်အရွက်များကိုပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေ ပါသည်။ အနာစိမ်း၊ ယားနာ၊ ခူနာထိခိုက်ဒဏ်ရာ၊ ခွဲထုတ်ပစ်ရမည့်အနာများကို မဟာကြံဆစ် အရွက်အုံပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ငါးအရိုးစူးခြင်း၊ ကင်းကိုက်ခြင်း၊ ပျားတုတ်ခြင်း၊ ခွေးကိုက်၊သံစူးခြင်း၊ ဓားရှခြင်းထိခိုက် ရှနာများ၊ဆီပူလောင်ခြင်း၊ ရေနွေးပူလောင်ခြင်းစသည့် ထိခိုက်ရှနာအပူလောင် ခြင်းအမျိုးမျိုးတို့အတွက် အရွက်ကို ထုထောင်း၍ သုတ်လိမ်းပေးပါက အမာရွတ်ပင်မထင်တော့ဘဲ အမြန်ပျောက်ကင်းစေပါသည်။ ထို့ကြောင့်မဟာကာ ကြံဆစ်အရွက် ပြုတ်ရည်ကိုသောက်ပေးခြင်းဖြင့် မောပန်းမှုနှင့်နာကျင်မှုဝေဒနာများ ပျောက်ကင်းကာ ယခင်က ထက်ကို ခန္ဓာပေါ့ပါးသွက်လက်လာသော လက်တွေ့အကျိုးထူးရရှိစေပါသည်။ထိုသို့သော ရောဂါမှန် သမျှကို အမြန်ပျောက်ကင်း သောမဟာကာ ကြံဆစ်ဆေးပင်ကိုဒေသအလိုက် အဆိပ်ဖြေပင်၊ မြွေမင်းပင်၊ မြွေဟောက်ပါးပျဉ်းပင်၊နဂါးမြီးပင် ဟုအမျိုးမျိုး ခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေးပင်ဟု ခေါ်ဆိုကြပါသည်။