
ပင်နုပင်ပျော့မျိုးဖြစ်၏။ အမြင့်(၃)ပေမှ (၄)ပေခန့်ထိမြင့်ပြီး အရွက်မှာ ရွက်ဖျားချွန်၍ ရွက်ရင်း သွယ်သည်။အညိုနုရောင်ရှိသောမြေအောက်ပင်စည်ဥအတက်ရှိ၍ ဥ၏အဆစ်နေရာများတွင် အဖတ်လေး များရှိသည်။တိုင်းရင်းဆေးကျမ်းများ၌ဖော်ပြထားသည်မှာ ဂျင်းဥတက်သည်ချိုခါးသောအရသာရှိ၏။ အေး သောသတ္တိရှိ၏။ နှုတ်ကိုမြိန်စေ၏။ ကြေကျက်လွယ်၏။ ဝမ်းမီးကိုတောက်စေ၏ သလိပ်သည်းခြေ ဒေါသကိုနိုင်၏။ ဆီးဝမ်းကိုရွှင်စေ၏။ အဆိပ်ကိုနိုင်၏။ အသံနာ၊ ရင်နာ၊ လေနာတို့ကိုနိုင်၏။ ပြင်းထန် သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများပျောက်ကင်းစေသည်။
ဂျင်းစိမ်းဥတက်အရည်နှင့်ပျားရည်ကိုရောစပ်၍လျှက်ပေးပါက နာစေးချောင်းဆိုးနှင့်ပန်းနာ ရင်ကြပ် ရောဂါမားပျောက်ကင်းသည်။ ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာ ရောသောက် သော်အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။ဂျင်းစိမ်းရည်အားနှမ်းဆီနှင့်ကြိုချက်၍ရသောဆီကို အဆစ်အမြစ်ရောင်ရမ်းသောနေရာ၌ လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာပျောက်ကင်းသည်။ ဂျင်းစိမ်းကိုဝါး၍ သွားကိုက်သော နေရာတွင် ငုံထားပါက သွားကိုက်ခြင်း၊ သွားနာခြင်းများ ပျောက်ကင်းသည်။ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကိုရော၍ပြုတ်သောက်သော်တုတ် ကွေးနာပျောက် ကင်း နိုင်ပြီး သားဖွားမိခင်များအတွက်သွေးသားစင်ကြယ်စေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
DOCA(မန္တလေး)